“ချစ်လို့”တစ်ကိုယ်တော်စီးရီး ထွက်တော့မည့် ပို့ပို့


မိန်းကလေးအဆိုတော် အများစု တစ်ကိုယ်တော် တေးစီးရီးထွက်ရန် စီစဉ်လာသည့် ယခုအချိန်တွင် “ချစ်လို့” တစ်ကိုယ်တော်စီးရီးဖြင့် ပရိသတ်ထံ အရောက်ပို့တော့မည့် ပို့ပို့က သူမ၏စီးရီးကို ဇူလိုင်လ၄ရက်တွင် ဖြန့်ချိတော့မည်ဖြစ်ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ပြောကြားသည်။ ပို့ပို့၏စီးရီးတွင် ဟဲလေး၊ ဘာဘူ၊ သားစိုး၊ ယုန်လေး၊ Lဆိုင်းဇီ၊ ကွိကွိ၊ မြတ်နိုးဟန်တို့က ပံ့ပိုးသီဆို ပေးထားကြပြီး စိုးလင်း၊ ဟဲလေး၊ ဘာဘူ၊ သားစိုး၊ ယုန်လေး၊ မြတ်နိုးဟန်၊ နိုရယ်နှင့် ပို့ပို့တို့ ရေးသားသော သီချင်းများပါဝင်သည်။ ဗီစီဒီကို ဒါရိုက်တာညိုမင်းလွင်၊ သားညီ၊ ဇွဲနိုင်ဝင်းနှင့် V.i.comတို့ ရိုက်ကူးထားပြီး ညိုမင်းလွင်၊ သားစိုး၊ ဘာဘူ၊ ဟဲလေး၊ Lဆိုင်းဇီ၊ ကွိကွိ၊ ပို့ပို့၊ ရဲတိုက်၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ ၀တ်မှုန်ရွှေရည်၊ ဖွေးဖွေး၊ ချစ်စနိုးဦးနှင့် အခြားသရုပ်ဆောင်များ ပါဝင်ထားကြောင်း သိရသည်။ “ဒီအခွေအတွက် အချိန်တွေ အရမ်းကိုယူခဲ့ရတာ မှန်သောစကားပါ။ ပို့ပို့အရမ်းလည်း ကြိုးစားထားပါတယ်။ ၀ိုင်းဝန်းပေးခဲ့ကြတဲ့ အနုပညာရှင် မောင်နှမအားလုံးနဲ့ မီဒီယာကို ကျေးဇူးတင်ပါတယ်”ဟု ပို့ပို့ကပြောသည်။ ပို့ပို့သည် ၂၀၀၁ခုနှစ်တွင် ဂီတလောကသို့ စတင်ရောက်ရှိခဲ့ပြီး 2005 Rock & Rap၊ စိုးလင်း၏ သင်္ကြန်စီးရီး အတွဲခွေအချို့တွင် သီဆိုခဲ့သည်။ SpyM အမည်ဖြင့် မိန်းကလေးဂီတအဖွဲ့တစ်ခုတွင်လည်း ပါဝင်ခဲ့ပြီး “အာလူးလာမပေးနဲ့ လေတွေနည်းနည်းလျှော့” သီချင်းသည် ပရိသတ်အားပေးမှု ရရှိခဲ့သည့် အဖွဲ့လိုက် သီချင်းတစ်ပုဒ်ဖြစ်သည်။
8/Jul/2010