နှင်းဆီအဖွဲ့သားများ မြန်မာ
နိုင်ငံသို့ ပြန်လည်ရောက်ရှိလာ



သြစတြေးလျနိုင်ငံသို့ သွားရောက် ဖျော်ဖြေခဲ့သည့် နှင်းဆီအဖွဲ့သားများသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖျော်ဖြေပွဲများမှ ရရှိငွေများထဲမှ လိုအပ်သည့် နေရာများကို ခွဲဝေလှူဒါန်းသွားရန် စီစဉ် ထားသည်ဟု သတင်းရရှိသည်။ နှင်းဆီအဖွဲ့သားများသည် သြစတြေးလျနိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် ဖျော်ဖြေပွဲများ သွားရောက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဖျော်ဖြေပွဲများမှ ရရှိလာသည့် အကျိုးအမြတ်များကို ရေဘေးသင့်ဒေသများ ပြန် လည် တည်ဆောက်ရန်၊ မီးဘေးသင့် ဒေသများအတွက် လိုအပ်သည်များ လှူဒါန်းရန် အပါအ၀င် လိုအပ်သည့် နေရာ များအား ခွဲဝေလှူဒါန်းသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ "ဦးမျိုးတို့ ၂၃ ရက်မှာ ပြန်လည် ရောက်ရှိလာတာပါ။ သြစတြေးလျက မြို့ကြီးသုံးမြို့မှာ ဖျော်ဖြေပွဲတွေ လုပ်ခဲ့တယ်။ ဒီဖျော်ဖြေပွဲတွေ အားလုံးမှာ အဆင်ပြေပါတယ်။ ပရိသတ်တွေကိုလည်း ပျော်ပျော်ပါးပါး တင်ဆက်နိုင်ခဲ့တယ်။ ဖျော်ဖြေပွဲတွေက ရလာတဲ့ ငွေတွေထဲက ကုန်ကျ စရိတ်တွေ ဖယ်ပြီးရင် ကျန်တာတွေ အားလုံးကို လိုအပ်တဲ့ နေရာတွေကို လှူဒါန်းသွားပါမယ်" ဟု ဒါရိုက်တာ မောင်မျိုး မင်း (ရင်တွင်းဖြစ်) က ဆိုသည်။ ထို့အပြင် သရုပ်ဆောင် ကျော်ကျော်ဗိုကလည်း "ကျွန်တော်တို့ အခုပဲ ပြန်ရောက် ကြတာပါ။ ဟိုမှာလုပ်ခဲ့တဲ့ ပွဲအားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့ အားလုံးလည်း သေချာကြိုးစားပြီး တင်ဆက် ခဲ့တယ်။ အခုပွဲတွေက ရလာတဲ့ အကျိုးအမြတ်တွေထဲက လိုအပ်တဲ့ နေရာတွေကို ခွဲဝေလှူဒါန်းသွားပါမယ်။ မူလ က ရေဘေးအတွက်ပဲ ရည်မှန်းထားပေမယ့် အခုက မီးလောင်တာတွေလည်း ရှိနေတော့ လိုအပ်တဲ့ နေရာတွေကို ခွဲဝေလှူဒါန်းသွားဖို့ စီစဉ်ထားတာပါ" ဟု ဆိုသည်။ နှင်းဆီ အဖွဲ့သားများသည် ဖေဖော်ဝါရီ ၃ ရက်တွင် သြစတြေး လျနိုင်ငံသို့ စတင်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်း၌ သြစတြေးလျနိုင်ငံရှိ မြို့ကြီးသုံးမြို့ တွင် ဖျော်ဖြေပွဲများအား ကျင်းပခဲ့ခြင်း ဖြစ်သည်။ နှင်းဆီ အဖွဲ့သားများသည် မတ်လတွင်လည်း ရန်ကုန်မြို့၌ နှင်းဆီ အငြိမ့်ပွဲ တစ်ပွဲ တင်ဆက်ကပြနိုင်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။ သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သည့် နှင်း ဆီ အဖွဲ့သားများတွင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒ မီနေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မေကဗျာနှင့် ဖူးစုံတို့ လိုက်ပါသွားခဲ့ကြသည်။
Credit to: Weekly Eleven
29/Feb/2016