အားကစားသတင်း
 RSS Help
Search:  





 

မြန်မာ့လက်ရွေးစင် လူငယ် ဂေါက်သီးအသင်း ချန်ပီယံ ပထမဆု နှစ်ဆုရရှိ

ဇွန် ၁၆ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ROYAL RAYONG GREEN VALLEY COUNTRY CLUB, PATTAYA ၌ ကျင်းပသည့် “2010 MERCEDES TROPHY MASTERS GOLF CHAMPIONSHIPS” ဂေါက်သီးရိုက် ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အသက် (၁၂)နှစ် အောက်၊ အသက် (၁၄)နှစ် အောက်၊ အမျိုးသား အသက် (၁၈)နှစ် အောက်နှင့် အသက် (၂၁)နှစ် အောက် ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ကြရာ အမျိုးသား အသက် (၂၁)နှစ် အောက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမ၊ ဒုတိယနှင့် တတိယဆုများ ရရှိကြပြီး မြန်မာ့လက်ရွေးစင်များ ဖြစ်ကြသည့် နေဗလ၀င်းမြင့်က (၇၄+၇၅+၆၆) သုံးရက် စုစုပေါင်း ရိုက်ချက် ၂၁၅ ချက်ဖြင့် ပထမ ချန်ပီယံဆု၊ စိုးမိုးဝင်းက (၇၃+၇၄+၇၆) သုံးရက် စုစုပေါင်း ရိုက်ချက် ၂၂၃ ချက်ဖြင့် ဒုတိယဆုနှင့် ရန်မျိုးအေးက (၇၆+၇၄+၇၆) သုံးရက် စုစုပေါင်း ရိုက်ချက် ၂၂၆ ချက်ဖြင့် တတိယဆုများ အသီးသီး ရရှိခဲ့ကြသည်။ ၂၀၀၈ ခုနှစ် အင်ဒိုနီးရှား သမ္မတနိုင်ငံ၌ ကျင်းပသည့် WORLD JUNIOR  အသက် (၁၈)နှစ် အောက် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သူ နေဗလ၀င်းမြင့်သည် ၂၀၀၉ ခုနှစ် (၂၅)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်စဉ် (ဘယ်ဘက်ပခုံး အဆစ်ရိုးကျိုး) ဒဏ်ရာ ရရှိခဲ့ရာ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်က ဆေးကုသစရိတ်များ အကုန်အကျခံကာ စင်ကာပူနိုင်ငံတွင် ဆေးကုသပေးပြီး ခြောက်လခန့် အနားယူခဲ့ပြီးနောက် ယခုပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပထမ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အမျိုးသမီး အသက် (၁၄)နှစ်အောက် ပြိုင်ပွဲတွင် မယဉ်မေမျိုး (မြန်မာ)က (၇၇+၇၇+၇၉) သုံးရက် စုစုပေါင်း ရိုက်ချက် ၂၃၃ ချက်ဖြင့် ပထမ ချန်ပီယံ ဆုများကို ရရှိခဲ့ပြီး ၄င်းသည် ယခင်ပြိုင်ပွဲများနှင့် ယခုပြိုင်ပွဲ အပါအ၀င် ချန်ပီယံ ပထမဆုများကို သုံးကြိမ်မြောက် ဗိုလ်စွဲ အနိုင် ရရှိခဲ့သော မြန်မာ့လက်ရွေးစင် လူငယ်ဂေါက်သီး အားကစားမယ်လေး ဖြစ်သည်။ “2010 MERCEDES TROPHY MASTERS GOLF CHAMPIONSHIPS” ဂေါက်သီးရိုက် ပြိုင်ပွဲ၌ အဆင့်(၁)မှ အဆင့် (၄)အထိ ရရှိသူများသည် ၂၀၁၀ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ပေါ်တူဂီနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့လူငယ် ဂေါက်သီးရိုက် ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

More News   

Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved