အားကစားသတင်း
 RSS Help
Search:  





 

EMIRATES Cup 2010 ဘောလုံးပွဲစဉ်များ မြဝတီရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မည်

မြန်မာဘောလုံး ဝါသနာရှင်များ အထူးနှစ်ခြိုက်လျက် ရှိသည့် Emirates Cup 2010 နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပွဲစဉ် များကို မြဝတီ ရုပ်မြင်သံကြားက အခမဲ့တိုက်ရိုက် ( LIVE) ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း Yangon Entertainment ၏ Marketing Department မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ၂၀၁၀ ဇူလိုင်လ ၃၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် အာဆင်နယ်နှင့် အေစီမီလန်အသင်း ပွဲစဉ်များကို တိုက်ရိုက် ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါ ပွဲစဉ်များကို ၂၀၁၀ ပြည့်နှစ် ဘောလုံးရာသီ မစတင်မီ မည်သည့် အပိုဆောင်း ကုန်ကျစရိတ် မရှိဘဲကြည့်ရှုနိုင်ရန် မြဝတီ ရုပ်မြင်သံကြားမှ တစ်ဆင့် Free To Air စနစ်ဖြင့် အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ Emirates Cup သည် ဥရောပ ဘောလုံးရာသီ အကြိုဖလားပွဲ ဖြစ်ပြီး နှစ်ရက်ကြာ ကျင်းပမည့် Emirates Cup တွင် ပွဲစဉ် စုစုပေါင်း လေးပွဲ ပါဝင်ကြောင်း ဥရောပ ထိပ်သီး ဘောလုံး ကလပ်အသင်းများ ဖြစ်သည့် စကော့တလန်မှ ဆဲလ်တစ်အသင်း နှင့် ပြင်သစ်နိုင်ငံမှ လိုင်ယွန်အသင်း၊ အီတလီနိုင်ငံ စီးရီးအေမှ အေစီမီလန်အသင်းနှင့် အင်္ဂလန်နိုင်ငံ ပရီမီယားလိဂ်မှ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း http://www.arsenal.com တွင် ဖော်ပြထားသည်။ Emirates Cupကို ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ပြီး အာဆင်နယ် အသင်းက ၂၀၀၇ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် ဗိုလ်စွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဂျာမနီမှ ဟမ်းဘတ်အသင်းက ဗိုလ်စွဲခဲ့သည်။ ပွဲစဉ်လေးပွဲသာ ရှိသော်လည်း ဂိုးကွာခြားချက်၊ ရဂိုး၊ ပေးဂိုး၊ ဂိုးပေါက်တည့်မှု များပေါ်တွင် မူတည်ဆုံးဖြတ်မည် ဖြစ်ကြောင်း www.en.wikipedea.org/wiki/Emirates-Cup တွင် ဖော်ပြထားချက်အရ သိရကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

More News   

Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved