|
|
|
|
စပိန်ချန်ပီယံ ဖြစ်မည်ဟု မြန်မာနက္ခတ္တ ပညာရှင် ဟောကိန်းထုတ်
|
|
|
|
|
|
|
|
|
|
|
|
အာဖရိကတိုက်တွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိသော ၂၀၁၀ ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲတွင် နယ်သာလန်အသင်းနှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ရာ စပိန်အသင်း အနိုင်ရရှိမည်ဟု နက္ခတ္တဗေဒပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။ “အချိန်ပိုတွေ၊ ပင်နတီတွေ ကန်စရာ မလိုဘဲနဲ့ စပိန်အသင်း အနိုင်ရမှာပါ။ ဂိုးကွာခြားချက် နှစ်ဂိုးထက် မပိုပါဘူး”ဟု နက္ခတ္တသိပ္ပံ အဖွဲ့အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဇေယျာကိုက ပြောကြားသည်။ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ အနိုင်အရှုံးနှင့် ပတ်သက်၍ နာမည်ကျော် ဗေဒင်ဆရာတစ်ဦး ဖြစ်သူ ဆရာ စံဇာဏီဘိုက ဘောလုံးပွဲများနှင့် မရင်းနှီးသဖြင့် မှတ်ချက် မပေးလိုကြောင်း ပြောကြားသည်။ နယ်သာလန်အသင်းသည် ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲကို ၁၉၇၄ ခုနှစ်နှင့် ၁၉၇၈ ခုနှစ်များတွင် ရောက်ရှိခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပ်ပွဲတွင် နာမည်ကြီး ဘရာဇီးအသင်းနှင့် ဥရုဂွေးအသင်းတို့ကို အနိုင်ရရှိပြီးနောက် ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ စပိန်အသင်းမှာမူ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်လာခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံ နောက်ပိုင်း ငါးပြတိုက် တစ်ခုတွင် မွေးမြူထားသော ခြေရှစ်ချောင်းပါ ပေါလ်အမည်ရ သဘာဝလွန် ရေဘ၀ဲကမူ စပိန်အသင်း အနိုင်ရမည်ဟု ကြိုတင်ခန့်မှန်း ပေးလိုက်ကြောင်း အင်တာနက် သတင်းများအရ သိရှိရသည်။ ရေဘ၀ဲပေါလ်မှာ ကမ္ဘာ့ဖလားပွဲ အုပ်စုပွဲစဉ်များမှ စတင်၍ မှန်ကန်အောင် ခန့်မှန်းပေးနိုင်ခဲ့ပြီး ယူရို ၂၀၀၈ ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲ တစ်ပွဲသာ မှားယွင်းခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
|
|
|
|
|
More News |
|