အားကစားသတင်း
 RSS Help
Search:  





 

(၂၉)ကြိမ်မြောက်ဆီးဂိမ်းတွင်
မြန်မာ့ရိုးရာခြင်းလုံးအားကစား
အမျိုးသမီးပွဲစဉ်များပါ
ယှဉ်ပြိုင်ခွင့်ရရှိ
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို အမျိုးသားပွဲစဉ် ပြိုင်ပွဲအပြင် အမျိုးသမီးပွဲစဉ် ပြိုင်ပွဲများပါ ထည့် သွင်းယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ သိရသည်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ စတင်၍ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို ထည့်သွင်း ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအ တွက် ရွှေတံဆိပ်ဆုများကို ရယူပေးနိုင်ခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ မန္တလေးမြို့တွင် ဒုတိယ အကြိမ်မြောက် အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှု အပေါ် ကမ္ဘာ့ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် မလေးရှား ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့မှ ထောက်ခံ အသိအမှတ် ပြုမှုကြောင့် အိုလံပစ်ကော်မတီ၏ အစည်းအဝေး ကို ဖေဖော်ဝါရီ နောက်ဆုံးပတ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Mandarin Oriental ဟိုတယ်၌ ကျင်းပခဲ့ရာ နိုင် ငံတကာ အိုလံပစ်ကော်မတီ၊ အာရှအဖွဲ့ချုပ် အိုလံပစ်ကော်မတီ၊ မလေးရှားနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ မလေး ရှား ပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာဆီယံနိုင်ငံများမှ အိုလံပစ်ကော်မတီ ကိုယ်စားပြု တာဝန်ရှိသူများ၊ မြန်မာနိုင် ငံ ခြင်းလုံး အဖွဲ့ချုပ်၊ အာရှခြင်းလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည်။ ထိုသို့ တက်ရောက်လာကြသော နိုင်ငံ ၁၈ နိုင်ငံမှ ထောက်ခံမှုများ ပေးခဲ့သောကြောင့် အမျိုးသမီးပွဲစဉ် EVENT လေးမျိုး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြောင်း သိရသည်။
Credit to: ကြေးမုံ သတင်းစာ
More News   

Copyright © 2008 Khit Lu Nge
All Right Reserved