Voice Mail အသုံးပြုပုံ
ဖုန်းခေါ်၍ မြည်သံ ( ၅) ချက်ကြာပြီးဖုန်းမကိုင်လျှင် ...  
(ကျေးဇူးပြုပြီး လူကြီးမင်း၏စကားသံကို  တီ,အသံကြားပြီးနောက် သွင်းယူနိုင်ပါတယ်။)
စကားသံပြီးလျှင် စက္ကန့် (၃၀)စာမှာကြားလိုသည်များ   မှာထားနိုင်ပါသည်။
(စက္ကန့် ၃၀ စာပြောပြီးလျှင်)နှစ်သက်ရာခလုပ်တစ်ခုကိုနှိပ်၍ အတည်ပြုပါ။
အလိုအလျှောက်သိမ်းဆည်းထားမည်ဖြစ်ပါသည်။
voice mail ရောက်ရှိကြောင်းကို sms ဖြင့်အကြောင်းကြားပါမည်။  
အဆိုပါ sms တွင် မိမိထံခေါ်ဆိုထားသည့် ဖုန်းနံပါတ်၊နေ့ရက် နှင့် အချိန် တို့ကို တိကျစွာ ဖော်ပြထားပါမည်။
   


GSM Network မမိသောအခါ အသုံးပြုပုံ
GSM Network မရှိသော နေရာတွင် လိုင်းဖုန်းမှ တစ်ဆင့်   ဖုန်းနံပါတ် 09-5100888 ကိုနှိပ်ပါ။
ပြီးလျှင် ကိုယ့် GSM ဖုန်းနံပါတ် ကိုနှိပ်ပါ။ (09 ပါစရာမလို)
ပြီးလျှင် Password (Pin No.) နှိပ်ရန်
(password မှာ မိမိဖုန်း၏ နောက်ဆုံး ဂဏန်း ၄ လုံး ဖြစ်ပါသည်။)
ပြီးလျှင် Voice Mail စစ်နိုင်ပါသည်။ (Password ပြောင်းနိုင်ပါသည်။)
   
  မှတ်ချက်
မိမိ၏ အချက်အလက်များလုံခြုံရေး အတွက် မိမိ၏ password ကိုပြောင်းလဲထားရန်လိုအပ်ပါသည်။
   
 
Calling Number ( 155) တွင်ကြားရသော စကားသံ နှင့် အသုံးပြုပုံ
  155 ကိုနှိပ်ပြီးနောက် အလိုအလျှောက်စကားသံကြားရမည်ဖြစ်ပါသည်။
  Main Menu
နားမထောင်ရသေးသော စကားသံကို နားထောင်လိုလျှင် နံပါတ် ၁ ကိုနှိပ်ပါ။
သိမ်းထားသော စကားသံကို ပြန်လည်နားထောင်လိုလျှင် နံပါတ် ၂ ကိုနှိပ်ပါ။
စကားသံ Language ပြောင်းလဲလိုလျှင် နံပါတ် ၃ ကိုနှိပ်ပါ။                             
(နားထောင်ပြီးသော message ဖျက်လိုပါကလည်း နံပါတ်(၃) ကိုအသုံးပြူနိုင်ပါသည်။)
ကြိုဆို နှုတ်ခွန်းဆက် စကားပြောင်းလဲလိုလျှင် နံပါတ် ၄ ကိုနှိပ်ပါ။
လူကြီးမင်း၏ Password (Pin No.)  ပြောင်းလဲလိုလျှင် နံပါတ် ၅ ကိုနှိပ်ပါ။
အလိုအလျှောက် အသံအဖွင့် အပိတ်ကို ပြောင်းလဲလိုလျှင် နံပါတ် ၇ ကိုနှိပ်ပါ။
စကားသံ ( ရက်စွဲ နှင့်အချိန် )ကိုပြောင်းလဲလိုလျှင် နံပါတ် ၈ ကိုနှိပ်ပါ။
 
  မှတ်ချက်
155 ကိုနှိပ်ပြီးနောက် အလိုအလျှောက်ကြားရမည့်အသံမှာEnglish language အသံဖြစ်နေမည်။
မြန်မာသံပြောင်းလိုပါက Main Menuတွင် ပြောင်းလဲလို့ ရပါသည်။
စကားသံနားထောင်ပြီးလျှင် မည်သည့် ခလုပ်(key)ကိုမှ မနှိပ်ပဲထားပါက အလိုအလျှောက်ဖုန်းကျသွားပါမည်။
155ခေါ်ဆိုပြီးနောက်စကားသံနားထောင်ချိန်စုစုပေါင်း (၁)မိနစ် အတွင်းရှိနေစေရန်ပြုပြင်ပြောင်းလဲထားပါသည်။
   


အထွေထွေ သိမှတ်စရာ
Voice mail ရောက်ရှိကြောင်းကို sms ဖြင့်အကြောင်းကြားပါမည်။  
အဆိုပါ sms တွင် မိမိထံခေါ်ဆိုထားသည့် ဖုန်းနံပါတ်၊နေ့ရက် နှင့် အချိန် တို့ကို တိကျစွာ ဖော်ပြထားပါမည်။
မိမိထံရောက်ရှိပြီးသော Messages (၃၀) ပြည့်သွားပါက ပထမဆုံးရောက်ရှိသော Message သည် အလိုအလျှောက် ပျောက်ပျက်သွားမည်ဖြစ်ပါသည်။ Voice Mail Sever ထဲတွင် နောက်ထပ် Messageအသစ်များဝင်ရောက်နိုင်ရန် လူကြီးမင်း၏ Messages များရက်(၃၀)ကျော်ပါက အလိုအလျှောက် ပျက်သွား စေရန်ပြောင်းလဲထားပါသည်။
   
  မှတ်ချက်
မိမိထံရောက်လာသော Messageကိုနားထောင်ပြီးပါက အလိုအလျှောက်သိမ်းစည်းပေးထားမည်ဖြစ်ပါသည်။
မိမိထံရောက်လာသော SMS နှင့် Voice Messageကို နားထောင်ပြီးပါက မလိုအပ်လျှင် ချက်ချင်း ဖျက်ပစ်ခြင်းဖြင့်
သိမ်းစည်း ထားသော စကားသံကို ပြန်လည်နားထောင်လိုသည့် အခါ မလိုအပ်သော Messageများမရှိခြင်းကြောင့် သင်၏ဆက်သွယ်ရေးအား အဆင်ပြေခြင်းများရရှိစေပါမည်။

ဖုန်းတစ်လုံးလျှင် ၀န်ဆောင်ခ ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ITCS Co.,Ltd. တွင် ပေးသွင်းဝယ်ယူနိုင်ပါသည်။

ဖုန်းနံပါတ်ဖြင့် လစဉ် မြန်မာ့ဆက်သွယ်ရေးမှ voice mail အသုံးပြုခ ကျပ်တစ်ထောင် ကောက်ခံပါမည်။

Copyright © 2008 ITCS
All Right Reserved