ဓနုရာသီ
May 20th မှ May 26th ကြား
ဆောင်ရွက်သမျှ ထွန်းပေါက်မည်။ အဆင့်မြင့် အောင်မြင်မှုများ ရရှိမည်။ လုပ်ငန်းနှင့် ပတ်သက်သော သင်တန်းကြုံမည်။ အရပ်ဝေး သို့ လျှောက်ထားသောအလုပ် ရမည်။ တိုင်းတစ်ပါးသို့ လျှောက်ထားသော ကျောင်းဝင်ခွင့်ရကာ သံရုံးဝင်ရသော အဆင့်သို့ ရောက် မည်။ ဆောင်ရွက်မှု နှေးကွေး၍ အပျက်အစီး၊ အလေအလွင့်နှင့် ဆုံးရှုံးမှုများ ဖြစ်တတ်သည်။ မေတ္တာရေး စန်းပွင့်မည်။ မိတ်ဆွေ အကြီးအကဲများထံမှ အကူအညီရရှိမည်။ လမ်းသစ်ထွင်၍ ဆောင်ရွက်သော ကိစ္စများမှ ထူးခြားသော အောင်မြင်မှု ဖြစ်ပေါ် မည်။ ငွေကြေးအပေးအယူ ကိစ္စတွင် သတိထား၍ ဆောင်ရွက်သင့်သည်။ ရှုပ်ထွေးနေသော ကိစ္စများကို တာဝန်ယူ ဖြေရှင်းရင်း လူမုန်းခံရတတ်သည်။