သိဟ်ရာသီ
May 13th မှ May 19th ကြား
ဆောင်ရွက်သမျှ ထွန်းပေါက်၍ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မည်။ မတော်တဆ ထိခိုက်မှုအန္တရာယ် အထူးပြုဂရုစိုက်ရမည်။ ခိုက်ရန်ဖြစ်ပွားလွယ်သည်။ စာရွက်စာတမ်းကိစ္စ၊ ငွေကြေးအပေးအယူ ကိစ္စများတွင် သတိရှိရမည်။ မရိုးမသား ဆက်ဆံသော သူများ၊ နှောင့်ယှက်သောသူများ ရှိမည်။ ဒေါသအလျှောက် အမှားများ ကျူးလွန်မိတတ်သည်။ လုပ်လိုသော လုပ်ငန်းများနှင့် ဆောင် ရွက်ဆဲ လုပ်ငန်းများကြောင့် အနှောင့်အယှက် ကြုံမည်။ ရပ်တန့်မပစ်ရ။ ထိုသို့ အနှောင့်အယှက်ပေါ်ခြင်းပင်လျှင် တိုးတက်မှု အနေအထား ရှိပေအံ့။ အရာရာအပေါ်၌ ပြတ်သားစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။ အတတ်ပညာနှင့် ပတ်သက်သော ရည်မှန်းချက် များကို လက်တွေ့ဆောင်ရွက် အကျိုးပေးမည်။ ထူးခြားသော အချစ်ရေး၊ မေတ္တာရေးကိစ္စများ နီးစပ်မှုမှ ရုတ်ချည်း ဖြစ်ပေါ်နိုင်သည်။