|
ဗန်းမော်မြို့နယ် မြို့မိမြို့ဖများမှ
ဦးဆောင်၍ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး လူထုအစည်းအဝေး အခမ်းအနားကြီးအား
ဗန်းမော်မြို့နယ်၊ မြို့တော်ခန်းမတွင် (၅-၅-၂၀၁၀)ရက်နေ့
နံနက် (၀၉း၀၀) ချိန်မှ (၀၉း၅၀)ချိန်ထိ
ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိကြီးအဖြစ်
မြို့မြို့ဖ ဦးဒေါက်တာထွန်းလွင်မှ ဆောင်ရွက်ပြီး သဘာပတိ
အဖွဲ့ဝင်များအဖြစ် မြို့မိမြို့ဖများဖြစ်ကြသော
ဦးစိုင်းမောင်ရီနှင့် ဦးအင်ခွန်တန်တို့က
ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဒေါက်တာထွန်းလွင်မှ
အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့မိမြို့ဖ
ဦးမရန်လှမြိုင်မှ ကချင်ပြည်နယ်၊ ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား တင်သွင်းပြီး မြို့မိမြို့ဖ
ဦးမြင့်ဆွေနှင့် ဒေါ်နန်းဝင်းဝင်းလတ်တို့က
ဦးမရန်လှမြိုင်တင်သွင်းသည့် အဆိုအား ထောက်ခံတင်ပြ
ခဲ့ကြပါသည်။
ထို့နောက်
ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား သဘာပတိကြီးမှ အခမ်းအနားသို့
တက်ရောက်လာကြသည့် ပရိတ်သတ်ထံ
အတည်ပြုချက်တောင်းခံခြင်းနှင့် ဆုံးဖြတ်ချက် များ
ချမှတ်ရာတွင် ကချင်ပြည်နယ်
ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ထောက်ခံကြောင်း
ဆုံးဖြတ်ခဲ့ ကြကြောင်း ။
အခမ်းအနားသို့
မြို့နယ်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် အတွင်းရေးမှူး၊
အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ
အကြီးအကဲများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊
အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ
ကိုယ်စားလှယ်များ၊ ကချင်ရိုးရာ စာပေနှင့်
ယဉ်ကျေးမှုကိုယ်စားလှယ်များ၊ ရှမ်းရိုးရာ စာပေနှင့်
ယဉ်ကျေးမှု ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ၊ မိဘပြည်သူများ၊ စုစုပေါင်း (၅၀၀)ဦး
တက်ရောက် ခဲ့ပါသည်။
- ပြည်ထောင်စုမပြိုကွဲရေး
(ဒို့အရေး ဒို့အရေး)
-
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး (ဒို့အရေး
ဒို့အရေး)
- အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေး (ဒို့အရေး ဒို့အရေး)
- နိုင်ငံတော်ရှေ့ဆက်သွားမည့်
မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေး (ဒို့အရေး
ဒို့အရေး)တို့ဖြင့် ကြွေးကြော်လျှက် အောင်မြင်စွာ ကျင်း
ပပြီးစီးခဲ့ပါသည်။ |