ပြည်ခိုင်ဖြိုးအသင်းမှလောက်ကိုင်ဒေသသို့ သွားရောက်၍ထောက်ပံ့ လှူဒါန်း
14/Dec/2009
|
|
|
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးမှ ဦးဆောင်၍ ပြည်နယ်/ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်(၁၃)ဦးမှ (၁.၉.၂၀၀၉)ရက်နေ့မှ (၃.၉.၂၀၀၉)ရက်နေ့ထိ လောက်ကိုင်ဒေသသို့ သွားရောက်၍ ဒေသခံပြည်သူလူထု၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ဆရာတော်/သံဃာတော်များအား စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။ ထိုသို့ လှူဒါန်းရာတွင် လောက်ကိုင်ဒေသ(၈)နေရာ၌ ရဟန်း/သံဃာတော်များ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်မတော်သားများ၊ ဒေသခံပြည်သူလူထု စုစုပေါင်းအိမ်ထောင်စု(၁၀၁၂)စု၊ လူဦးရေ(၄၉၈၂)ဦးတို့အား ကြက်ဥ(၄၈၀၀၀၀)ကျပ်ဘိုး၊ မုံညှင်းချဉ်နှင့် ဆီတိုဖူး (၃၀၈၀၀၀)ကျပ်ဘိုး၊ ပဲပုပ်စပ် (၆၅၀၀၀)ကျပ်ဘိုး၊ မုန့်ကျွတ်နှင့် ငါးမုန်းခြောက် (၅၀၀၀၀)ကျပ်ဘိုး၊ အသီးအရွက်နှင့် အလှူငွေ(၇၀၀၀၀)ကျပ် စသည်ဖြင့် စုစုပေါင်းလှူဒါန်းမှုကုန်ကျငွေ တန်ဘိုး(၉၇၃၀၀၀)ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|