တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ)ဂေါက်သီး ရိုက်ပြိုင်ပွဲကျင်းပ
14/Dec/2009
|
|
|
၂၀၀၉ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ရက် နံနက်၅နာရီခွဲတွင် နေပြည်တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့၌ စတင်ကျင်းပရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တက်ရောက်၍ ပါဝင်ဆင်နွှဲသည်။ အဆိုပါ ၂၀၀၉ခုနှစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊လေ) ဂေါက်သီးရိုက်ပြိုင်ပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်း ၁၄သင်းတို့မှ ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက် ပါဝင်ဆင်နွှဲကြသည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ဂေါက်ကွင်း၌ ကျင်းပရာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်က TracerBall ကို ရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်သည်။ ထို့နောက် ပြိုင်ပွဲဝင် အသင်း ၁၄သင်း တို့မှ ဂေါက်သီးရိုက် အားကစားသမားများသည် ၂၀၀၉ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ပထမနေ့ ၁၈ကျင်းပြိုင်ပွဲကို စတင်ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ညနေပိုင်းတွင် ပထမနေ့ ပြိုင်ပွဲအစီအစဉ်များကို ရပ်နားလိုက်သည်။ ၂၀၀၉ခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲ အစီအစဉ်များကို ဒီဇင်ဘာ ၁၃ရက် ယနေ့ နံနက် ၆ နာရီမှ စတင်၍ နေပြည်တော်ရှိ နေပြည်တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့၌ ဆက်လက် ကျင်းပရာ ပွဲစဉ်များအားလုံး ညနေပိုင်းတွင် အောင်မြင်စွာ ပြီးစီးသွားသည်။ ၂၀၀၉ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညနေ၆နာရီတွင် နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပသည်။ ရှေးဦးစွာ ၂၀၀၉ခုနှစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊လေ)ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အသင်းလိုက်(အကျောပေး)ပြိုင်ပွဲတွင် အသားတင်ရိုက်ချက် ၅၂၂ ချက်ဖြင့် ပထမဆုရ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း၊ အသားတင်ရိုက်ချက် ၅၆၅ ချက်ဖြင့် ဒုတိယဆုရ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းနှင့် အသားတင်ရိုက်ချက် ၅၇၆ချက်ဖြင့် တတိယဆုရ ရန်ကုန်တိုင်း စစ်ဌာနချုပ်အသင်းတို့အား လည်းကောင်း၊ အသင်းလိုက်(အကျောမဲ့)ပြိုင်ပွဲတွင် အသားတင်ရိုက်ချက် ၆၆၄ချက်ဖြင့် ပထမဆုရ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)အသင်း၊ အသားတင်ရိုက်ချက် ၆၆၆ ချက်ဖြင့် ဒုတိယဆုရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်းနှင့် အသားတင်ရိုက်ချက် ၇၂၂ချက်ဖြင့် တတိယဆုရ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အသင်းတို့အားလည်းကောင်း စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကဆုများကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲနှင့် (အကျောမဲ့) ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမောင်ရှိန်က ဆုများကို ပေးအပ်ချီးမြှင့်သည်။
|
|