ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒက
`စကားပြောတတ်တာ ကောင်းပါတယ်။ စကားများတာ မကောင်းဘူး။စကားများရင် စကားများမယ်´ဟူ၍ လူမှု ဆက်ဆံရေးနယ် ပယ်၌ အဓိကကျသော အပြော အဆိုဆိုင်ရာလမ်းညွှန်မှု သြ၀ါဒ မိန့်ဆိုထားသည်။
လူမှုဆက်ဆံရေးနယ်ပယ်တွင် စကားပြောဆိုမှုအတတ်ပညာသည် အလွန်အရးပါသည်။ အလွန် ယဉ်ကျေး သိမ်မွေ့သည်။ စကားအပြောအဆို၏ အရေးပါအရာရောက်မှုကို `စကားလိမ္မာ အောင်မြင်ရာ´၊ `စကားထဲက ဇာတိပြ´၊ `ကြမ်းကျွံလျှင် နုတ်၍ရ စကားကျွံလျှင် နုတ်မရ´၊ `စကားနောက် တရားပါ´ စသည်ဖြင့် ဆုံးမစာများ ဆိုရိုးများ စွာ ပြောဆိုလမ်းညွှန် ဆုံးမထား သည်။
စကားပြောတတ်ခြင်းသည် ကောင်းမွန်အောင်မြင်မှု ရစေသော လူမှုဆက်ဆံရေးတစ်ရပ် ဖြစ်ကြောင်း `စကား ပြောတတ်တာ ကောင်းပါတယ်´ဟူ၍ ဆရာတော် အရှင်ဆေကိန္ဒက မိန့်ဆိုခဲ့သည်။ `စကားလိမ္မာ အောင်မြင် ရာ´ ဟူ သော ဆိုရိုးစကားသည် စကားပြောတတ်သူ၊ စကားပြောကောင်းသူတို့ကို ရည်ညွှန်းသော ၀ိသေသတစ်ရပ်ဟု ဆိုနိုင် သည်။ လူတို့သည် ချိုသာ၊ နာပျော်၊ ချစ်ခင်ဖွယ်စကားကို ပြောဆိုမှသာ ကြိုက်နှစ်သက်သည်။ ထိုကြောင့် တစ်ဖက် သား နားဝင်အောင် သာယာခြေငံစွာ ပြောဆိုတတ်ရန် လိုအပ်သည်။ စကားချင်းတူသော်လည်း ကြမ်းကြမ်း တမ်းတမ်းပြောဆိုလျှင် နားမ၀င်ပေ။ နှုတ်ချိုလျှင် တစ်ဖက်သားနားဝင်ချို၍ လက်ခံနားဝင်လွယ်သည်။
စာပေကျမ်းဂန်များတွင် ရန်သူကို နူးညံ့သောစကားဖြင့်သာလျှင် အောင်ရာ၏။ ကြမ်းတမ်းသောသူကုလျှင် အောင်ရာ၏။ တစ်စုံတစ်ခုသောအမှုသည် အကြင်ကြောင့် မပြီးသည်မရှိ။ ထို့ကြောင့် နူးညံ့သောစကားဖြင့်သာလျှင် အောင်ရာ၏ဟု မိန့်ဆိုခဲ့သည်။
မြန်မာ့သမိုင်းကြောင်းတွင်ပုဂံခေတ်နှောင်း နရသီဟပတေ့ (တရုတ်ပြေးမင်း)လက်ထက် ကျူးကျော်ရန်စ တိုက် ခိုက်လာသော ကူဗလိုင်ခန်၏တပ်များကို ရှင်ဒိသာပါမောက္ခဆရာတော်၏ ပီယ၀ါစာစကားဖြင့် လည်းကောင်း၊ အင်းဝခေတ် ပထမမင်းခေါင်လက်ထက် ရာဇာဓိရာဇ်၏ စစ်ဖက်ပြု၍ အင်းဝသို့ဆန်တက် လာသည့်အခါ လက်နက် အင်အားဖြင့် တားဆီးခြင်းထက် ပင်းယစကြိုသူမြတ်၏ ပီယ၀ါစာစကားဖြင့်လည်းကောင်း ငြိမ်းချမ်းရေးကို ရရှိစေခဲ့ သည်။ ထို့ကြောင့်ပင် ရန်သူပင်ဖြစ်လင့်ကစား နူးညံ့သောစကားဖြင့်သာ အောင်မြင်ရာသည်ဟူ၍ မိန့်ဆို လမ်းညွှန် ကျင့်သုံးစေရန် ဆုံးမခဲ့သည်။
စကားကိုချိုသာစွာ၊ နူးညံ့စွာ၊ လိမ္မာယဉ်ကျေးစွာပြောဆိုခြင်းသည် လူမှုရေးရာအဖြာဖြာကို အောင်မြင်စေကြောင်း လက်နက်ကောင်းတစ်ခုသဖွယ်ဖြစ်၍ စကားပြောတတ်ခြင်းသည် ကောင်းမြတ်သော အင်္ဂါရပ်တစ်ရပ်ဖြစ်သည်။ သို့သော် စကားကိုလိုသည်ထက် ပို၍ပြောဆိုခြင်း၊ စကားများခြင်းသည် လူအများနှင့်ဆက်ဆံရေးတွင် လိုရာကိစ္စ မပြီးမြောက်ဘဲ ရှိတတ်သည်။ စကားတစ်ခွန်းနှင့် ပြီးရမည့်နေရာတွင် များများပြောဆိုနေခြင်းဖြင့် နားထောင်သူ၏ အာရုံကို ပျက်ပြားစေသည်။ နားမထောင်ချင်ဘဲ ဖြစ်သွားတတ်သည်။ စကားများလျှင် အမှားပါတတ်သည်။ ထို့ကြောင့် `စကားများတာ မကောင်းဘူး´၊ `စကားများရင် စကားများမယ်´ ဟူ၍ ဆရာတော်အရှင်ဆေကိန္ဒက ထိထိမိမိလမ်း ညွှန်ခဲ့သည်။
စကားတွင်အမှားပါသဖြင့် မဖြင့်သင့်သော၊ မကြုံတွေ့သင့်သော ဒုက္ခများကို ဖြစ်ပျက်၊ တွေ့ ကြုံခဲ့ရမှု သမိုင်း သာဓကများ အထင်အရှားရှိနေခဲ့သည်။ ပုဂံခေတ်တွင် နန်းတက်သော စုက္ကတေးမင်းသည် အနော်ရထာ မင်းသားကို ညီသားနောင်မယ်ဟူ၍ ခေါ်ဝေါ်ပြက်ရယ်ပြုသော စကားတစ်ခွန်း ပြောဆိုမိခြင်းကြောင့် ထီးနန်းနှင့်အသက်စည်းစိမ် ဆုံးရှုံးခဲ့ရသည်။
ထိုကြောင့် စကားပြောတတ်ခြင်းသည် ကောင်းသော်လည်း စကားများခြင်းသည် မကောင်း။ စကားများလျှင် စကားများတတ်သော အနိဋ္ဌာရုံကို ဖြစ်စေတတ်သည်။ လူကြီးလူကောင်း လူတော်တို့သည် စကားကို အသက်ထက် တန်ဖိုးထား၍ ထိန်းသိမ်းပြောဆိုမှု ပြုလေ့ရှိသည်။ စိတ်လိုက်မာန်ပါ ပြောဆိုခြင်းမရှိပေ။ ရှေ့နောက် တိုင်းထွာချိန်ဆ ပြောဆိုလေ့ရှိ သည်။ ဌာနကောသလ’အလိုက် ဝေဖန်ပိုင်းခြားချင့်ချိန် ပြောဆိုလေ့ရှိသည်။
စကားပြောဆိုရာတွင် `သုဘာသိတာဝါစာ´ဟူသော ကောင်းသော၊ နှစ်လိုဖွယ်ဖြစ်သော၊ ချို သာသော အင်္ဂါ လေးဖြာနှင့်အညီ ပြောဆိုရန် သုတ္တနိပါတ်၊ သုဘာသိတာသုတ်တွင် (၁)မုသားမပါ အမှန်ပြောဆိုခြင်း၊ (၂)တစ်ဦးနှင့် တစ်ဦး မိတ်မပျက် ဆက်စပ်မိအောင် ပြောဆိုခြင်း၊ (၃)မခက်မထန် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုခြင်း၊ (၄)စကား အဖျင်း အလေမပါ အကျိုးသက်ရောက်သော စကားကိုပြောဆိုခြင်းကို ပြုရာသည်ဟု ဖေါ်ပြထားသည်။
စကားဆိုရာတွင် ပီယ၀ါစာနှင့်အညီ ပြောဆိုရမည့်ပီယ၀ါစာဟူသည် နှစ်လိုဖွယ်သောစကားကို ပြောဆိုခြင်း ဖြစ်သည်။ နှစ်လိုဖွယ်သော စကားဟူသည် သုဘာသိတာဟူသော စကားအင်္ဂါ လေးရပ်နှင့်အညီ ပြောဆိုခြင်း၊ ရည်ရွယ်ချက်ကို နားဝင်ချိုချိုနှင့် ကိုယ်သိသည့်အလား၊ ကွဲကွဲပြားပြား နားထောင်သူသိအောင် ထုတ်ဖော်ပြော ဆိုနိုင်ခြင်းတို့ဖြစ် သည်။
စကားပြောဆိုခြင်းအကြောင်း ငါးပါးကိုလည်း ပÍ္စနိပါတ်အဂုင်္တ္တရပါဋ္ဌိတော်တွင် (၁)အခါဟုတ်သည်၌ ဆိုအံ့၊ အခါမဟုတ် သည် မဆိုအံ့၊ (၂)မှန်သဖြင့်ဆိုအံ့၊ မမှန်သဖြင့် မဆိုအံ့၊ (၃)အကျိုးရှိသဖြင့် ဆိုအံ့၊ အကျိုးမရှိသဖြင့် မဆိုအံ့၊ (၄) သိမ်မွေ့သဖြင့် ဆိုအံ့၊ ကြမ်းကြုတ်သဖြင့် မဆိုအံ့၊ (၅)မေတ္တာစိတ်ဖြင့် ဆိုအံ့၊ ဒေါသစိတ်ဖြင့် မဆိုအံ့ဟူ၍ ခွဲခြားလမ်းညွှန်ခဲ့သည်။
စကားပြောဆိုခြင်းနှင့် ပတ်သက်၍ အင်္ဂလိပ်စာရေးဆရာမ ကြီးမစ္စက်ဘရေးဗားကလည်း-
`စကားအပြောမတတ်၍ သူတစ်ပါးကို ထိခိုက်နစ်နာစေသော စကားလုံးတို့သည် အသည်းကို ဓါးဖြင့်ထိုးသည်ထက် နာကျင်စေသည်။ တစ်ဖက်သား ထိခိုက်ပြောဆိုသောစကားသည် အပြောခံရသူ၏ ဘ၀တစ်လျှောက်လုံး၌ အသည်း ခိုက်အောင် စွဲမြဲနာကျည်းစွာ ခံစားရလေ့ရှိတတ်သည်´ ဟူ၍လည်းကောင်း၊
စာရေးဆရာကြီးဟားဘတ် တစ်ဆင်ကလည်း-
စကားလုံးတို့သည် ဓာတ်ပစ္စည်းနှင့်တူသည်။ မကြာခဏ ပေါက်ကွဲတတ်သည်။ ကြမ်းတမ်း ရိုင်းပျသော စကား တို့သည် အိမ်ထောင်ရေးပြိုကွဲခြင်း၊ မိတ်ဆွေပျက်တတ်ခြင်းတို့ကို ဖြစ်စေ၏။ သွေးထွက်သံယို ရန်ပွားစေ၏။ စကားကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်မက်ဖြစ်ပွားကြရသည်ဟူ၍ စကားမပြောတတ်ခြင်း၊ စကားများခြင်း၏ အနိဋ္ဌာရုံများ၊ အပြစ်များကိုလမ်းညွှန်သတိပေး ခဲ့သည်။
ဆရာကြီးနတ်မောက်ဘုန်းကျော်ကလည်း `စကားတစ်ခွန်း´ဆောင်းပါးတွင်-
နောင်တစ်ခေတ်၊ တိုင်းပြည် ခေါင်းဆောင်များဖြစ်လာကြမည့် ယနေ့ခေတ်လူငယ်များသည် `စွာစွာလန်လန်၊ ဆတ်ဆတ်ထိမခံ}ဟူ သောအပြုအမူ၊ အပြောအဆိုတို့ကို ပယ်စွန့်ပြီးလျှင်၊ ချိုသာ ပြေပြစ်၊ ကျစ်လျစ်သိမ်မွေ့၊ သိက္ခာရှိရှိ၊ တည်ကြည်ဖြောင့်မတ်၊ မြင့်မြတ်သောစိတ်ဓာတ် အခြေခံဖြင့်၊ တိုင်းပြည်နှင့်လူမျိုး အကျိုးဖြစ်ထွန်းစေမည့် အပြောအဆိုတို့ကို စူးစမ်းလေ့လာ ပြောဆိုတတ်ကြပါစေဟု လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုလိုက်ပါကြောင်း´ ဟူ၍လမ်းညွှန် ဆုံးမခဲ့သည်။
ထို့ကြောင့် ဓမ္မဒူတအရှင်ဆေကိ န္ဒ၏အဆုံးအမနှင့်အညီ-
စကားပြောတတ်တာ ကောင်းပါတယ်
စကားများတာ မကောင်းဘူး၊ စကားများရင် စကားများမယ်
ဟူသော သြ၀ါဒကို လက်ခံကျင့်သုံးဆောင်ရွက်ကာ မြန်မာ မှုနယ်ပယ်၊ လူမှုရေးနယ်ပယ်တွင် ပြေပြစ်သော၊ ချေငံ သော၊ မှန်ကန်သော၊ ချိုသာသော၊ အများ လက်ခံနိုင်သော၊ အကျိုးကျေးဇူးများသော အပြောအဆိုများကို ပြောဆို၍ စကားလိမ္မာအောင်မြင်ရာ သုခချမ်းသာကို ရရှိစေမည်ဖြစ်ပါသည်။
usda.org