ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်ဦးသန်းဌေးခေါင်းဆောင်၍ စစ်ကိုင်းတိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင် ဒေါက်တာကျော်ထွန်း အဖွဲ့ဝင်အဖြစ်လိုက်ပါသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကျူးဘားသမ္မတနိုင်ငံမှကြီးမှူး၍ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင် ကျန်းမြို့တွင် ၂၀၁၀ခုနှစ်၊ မတ်လ (၁၉) ရက်မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်အမြောက် အာရှ - ပစိဖိတ်ဒေသဆိုင်ရာ၊ ကျူးဘားနှင့် ပူးပေါင်းဆောင်ရွက်ရေးကွန်ဖရင့် (5th Asia-Pacific Regional Conference of Solidarity with Cuba) သို့ တက်ရောက်ရန် မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမောင်ပါ နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဌာနချုပ်ရုံးမှ တာဝန်ရှိသူများနှင့် မိသားစုများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ကိုယ်စားလှယ်အဖွဲ့သည် မတ်လ (၂၁)ရက်နေ့၊ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။