Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ယဉ်ကျေးမှု တတ်သိနားလည်နိုင်စွမ်း

24/Apr/2010

E-Mail this article Printable Version
မကြာမီက၊ လူကြိုက်များခဲ့သော ဇာတ်လမ်းတခုတွင် IG local ဟူသော ဝေါဟာရကို သုံးခဲ့သည် IGobal နှင့် local ကမ္ဘာနှင့်ဒေသခံဟူသော ဝေါဟာရနှစ်လုံးကို ပေါင်းစပ်ကာအသစ် အဆန်းအဖြစ်တည်ထွင်သုံးစွဲခဲ့ခြင်းဖြစ်သည်။ ဝေါဟာရကို အဓိပ္ပါယ်ကောက်ရာ၌၊ ဒေသခံဝန်ထမ်း တစ်ယောက်ကို မျက်နှာချင်းဆိုင်တွေ့ဆုံပြီး အလုပ်ဖြုတ် ပစ် တော့မည်ဆိုသည့် သတင်းဆိုးကို ပြောပြစရာမလို၊ အင်တာနက်ကနေ၊ သုံးရိုးသုံးစဉ်ပုံစံ တခုကိုသုံးပြီး၊ စာပို့ လိုက် လျှင် ပြီးပြီဟု၊ ကောက်ပြသည်။ သို့သော်ဤဝေါဟာရကို တည်ထွင်သူမှာဟောလီးဝုဒ်ရုပ်ရှင်လောကမှ မဟုတ်ပေ။ (၁၉၈ဝ)ပြည့်လွန်နှစ်များတွင် ဂျာမနီနိုင်ငံ၌ စတင်သုံးစွဲခဲ့ပြီး (၁၉၉ဝ)ပြည့်လွန်နှစ်များတွင်၊ ကမ္ဘာတဝှမ်း ၌ပျံ့နှံ့သွား ခဲ့ခြင်းဖြစ်သည်။ သို့သော်အခြေခံ မှာ၊ ဂျပန်စီမံခန့်ခွဲရေးသဘောတရားတခုဖြစ်သော၊ ကမ္ဘာအနှံ့ဒေသအလိုက် ဆောင်ရွက်ရေး(IGobal Localization)ဖြစ်သည်။ မိမိရပ်ရွာဒေသမှ ခွာကာ၊ ကမ္ဘာတဝှမ်းလှည့်လည် အလုပ်လုပ်နေ သော အလုပ်သမားတွေကို ရည်ညွှန်းရန်အတွက် အသုံးတွင်သော ဝေါဟာရတစ်ခုဖြစ်လာခဲ့သည်။ တကယ်တော့၊ ဟောလီးဝုဒ်ရည်ညွှန်းကိုးကားသုံးစွဲမှုမှာ လွဲချော်နေသည်။ ဟောလီးဝုဒ်ရုပ်ရှင်လောကက၊ ထိုသို့ပင်ဖြစ်လေဖြစ်ထ ရှိ ပါသည်။ စီးပွား ရေးလောကကို သရုပ်ဖော်ရာတွင်၊ သဘောတရားတွေ လွဲချော်လေ့ရှိသည်။ မစဉ်းစားမဆင်ခြင်၊ သက်ဆိုင်ရာဒေသအဆင့်တွင် ထိရောက်မှုရှိရန် လိုအပ်သော နားလည်မှု၊ လူသားအချင်းချင်းအပြန်အလှန် ဆက် သွယ်မှုတွေကို ဥပေက္ခာပြုကာ၊ ထိပ်မှအောက်ခြေသို့၊ စံချိန်ကိုက်ညွှန်ကြားချက်များ လုပ်ဆောင်မှုကို ရည်ညွှန်းထား သည်။ ဘယ်နေရာဘယ်ဒေသမဆို၊ တပုံစံတည်းသုံးသည့် အနေအထားကို ရှောင်ရှားကာ၊ သက်ဆိုင်ရာဒေသ၏ ကွဲပြားခြားနားမှုကို သဘောပေါက်နားလည်ကာ၊ ဒေသအခြေအနေနှင့် လိုက်လျောညီထွေလုပ်ဆောင်မှုကို အလေး အနက်ထားရန်၊ လုပ်ငန်းများကို ညွှန်ကြားရာ၌အသုံးပြုသည်။ ယခုခေတ်နိုင်ငံစုံ ကော်ပိုရေးရှင်းကြီး များအ နေဖြင့် IGocal ဖြစ်ရန်လိုသည်။ တကမ္ဘာလုံး ယဉ်ကျေးမှုတမျိုးတည်း မဟုတ်သည်ကို သဘောပေါက်ရန်လိုသည်။ အရောင်း တင်ရေးနယ်ပယ် တခုတည်း၌သာမဟုတ်၊ ကမ္ဘာတဝှမ်းကလုပ်သားအမျိုးမျိုးကို အစုအဖွဲ့ လိုက် စီမံခန့်ခွဲရာ၌ပါ အသုံး ပြုရန်လိုအပ်သည်။ သုတေသနအတွေ့အကြုံနှင့် အတိုင်ပင်ခံလုပ်ခဲ့သော အတွေ့အကြုံများအရ၊ ယဉ်ကျေးမှုမျိုးစုံ တွေ့ ကြုံနေရသည့် အခြေအနေတွင် ထိထိရောက်ရောက် စီမံခန့်ခွဲရေးသည်၊ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများအတွက်၊ အခက်ခဲဆုံးလုပ်ငန်းတခုဖြစ်သည်။ လုပ်သားရရှိရေးနှင့် အနာဂတ်တွင် အရောင်းတက်ရေးအတွက်၊ ထွန်းသစ်စ နိုင်ငံတွေကို အားကိုးနေရသော အမေရိကန်လုပ်ငန်းတွေသာမက၊ ကျန်လုပ်ငန်းတွေအတွက်လည်း အရေးကြီး သည်။  နိုင်ငံပေါင်း (၆၈)နိုင်ငံမှ၊ အကြီးတန်းအမှုဆောင်အရာရှိကြီးများကို သုတေသနပြုလုပ်ကြည့်သော အခါ၊ (၉ဝ)% ခန့်က၊ ဤရာစုနှစ်တွင်၊ တွေ့ကြုံရသည့်အကြီးမားဆုံးသော၊ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုမှာ၊ ယဉ်ကျေးမှု အမျိုးမျိုး အောက်တွင် ခေါင်း ဆောင်မှုဖြစ်သည်ဟု ဆိုသည်။ သုတေသနအမျိုးမျိုးအရ၊ နိုင်ငံခြားတိုင်းပြည်များသို့ ပို့လိုက် သော မန်နေဂျာများ၏ (၁၆)%မှ(၄ဝ)%သည် စောစော စီးစီးပြန်ရောက်လာကြကြောင်း တွေ့ရသည်။ အလုပ်မပြီးမီ စောစောပြန်ေ၇ာက်လာကြသော ဝန်ထမ်းများအတွက် စရိတ်ဒေါ်လာ(၂၅ဝဝဝဝ)မှ(၁.၂၅)သန်းအထိ ကုန်ကျသည်။ ရွှေ့ပြောင်းစရိတ်တွေ၊ အခြေချစရိတ်တွေ၊ အခြားအကြောင်းတရားတွေကိုပါ ထည့်တွက်ရသည်။ သက်ဆိုင်ရာ တာ ဝန်ကျရာနေရာများတွင်၊ သတ်မှတ်ထားသည့် အချိန်ကုန်ဆုံးသည်အထိ မနေနိုင်ကြခြင်းမှာ၊ လုပ်ငန်းခွင် စွမ်းရည်ညံ့ ဖျင်း၍မဟုတ်ပဲ၊ ယဉ်ကျေးမှု ဆိုင်ရာပြဿနာများကြောင့် ဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းရန်အတွက်၊ ယဉ်ကျေးမှုကို ထူးထူးချွန်ချွန်နားလည် တတ်မြောက်မှု(Cultural Intelligence) ရှိရန်လိုအပ်သည်။ ယဉ်ကျေးမှုပညာ တတ် မတတ်ကို၊ ယဉ်ကျေးမှုပြအညွှန်းကိန်း (Cultural Sufficient) ဖြင့် တိုင်းတာသည်။ ကိုယ့် ကိုပေးလာသည့် လိပ်စာ ကဒ်ပြားကို ဘယ်လောက်ကြာကြာကြည့်ရမည်၊ ဘယ်နိုင်ငံတွေမှာ၊ ကိုယ့်ခြေထောက်ကို ဘယ်ဘက်လှည့်ထားရမည် ဆိုသည်တို့ကို သိရုံမျှဖြင့် မပြီးသေး။ နိုင်ငံအမျိုးမျိုး၊ လူမျိုးစုအမျိုးမျိုး၊ အဖွဲ့အစည်းမျိုးစုံ၏ ဓလေ့ထုံးစံအ မျိုးမျိုး အောက်တွင်၊ ထိထိရောက်ရောက် လည်ပတ်နိုင်သော စွမ်းအင်ရှိဖို့လိုသည်။ ယခင်က၊ ခံစားမှုထိန်းသိမ်း နိုင်စွမ်း ရှိရေး (Emotional Inteligence) ကို အလေးပေးလုပ်ဆောင်ခဲ့ကြ သကဲ့သို့၊ မန်နေဂျာများ၊ ယဉ်ကျေးမှုသိရှိ စီမံခန့်ခွဲတတ်ရေးအတွက်၊ လုပ်ငန်းများက ဆောင်ရွက်ရန်လိုသည်ဟု ယုံကြည်သည်။ တနည်းအားဖြင့်၊ စိတ်ခံစားမှု ထိန်းချုပ်ရေးကို၊ ကမ္ဘာဆန်လာသော ကုမ္ပဏီတွေကြောင့် တွေ့ကြုံရသည့် ပြဿနာတွေကို ဖြေရှင်းရန်အတွက် အသုံးချနိုင်ရမည်။ လွန်ခဲ့သောနှစ်(၁ဝဝ)ခန့်ကပင်၊ ဂျာမန်စိတ်ပညာရှင်တဦးက၊ လူတို့၏အဆင့်အတန်းကို၊ ဥာဏ် ရည်တိုင်းတာနည်းဖြင့် ခွဲခြားနိုင်သည်ဟုဆိုခဲ့ရာ၊ ယခုတိုင်ငြင်းခုံနေကြဆဲဖြစ်သည်။ ဥာဏ်ရည်တိုးပွား အောင် လုပ်၍ ရမရဆွေးနွေးနေကြဆဲဖြစ်သည်။ ခံစားချက်ကို ထိန်းသိမ်းနိုင်စွမ်း ၊ ယဉ်ကျေးမှုတွေကို သိတတ်နိုင်စွမ်းတို့ အမြဲတမ်း၊ အဆင်ပြေပြေတိုင်းတာနိုင်စွမ်းရှိ-မရှိ၊ ပိုမိုကောင်းမွန်လာအောင် သင်ပေး၍ရမရဆိုသည်တို့မှာ၊ ပို၍ အငြင်းပွား စရာတွေဖြစ်နေသည်။ ယခုအထိ၊ ယဉ်ကျေးမှုသိတတ်မှုသည်၊ ပညာရပ်ခန်းဆန်ဆန်ဖြစ်သည်။ အချို့ အကြံပေးချက် များကလည်း လူတကာသိထားသောကိစ္စမျိုးတွေဖြစ်သည်။ ဥပမာ- ရုံးပိတ်ရက်တွင် ပြည်ပခရီးသွားပါ၊ နိုင်ငံခြား ဘာ သာစကားကို လေ့လာပါ၊ အခြားအဖွဲ့ အစည်း တွေ အကြောင်း၊ ရုပ်ရှင်တွေကြည့်ပါ၊ ဟူသောအကြံ ပြုချက်မျိုး တွေဖြစ်သည်။ နိုင်ငံတနိုင်ငံ၏ အမျိုးသားဓလေ့ထုံးစံတွေကို နားလည်ရန်အတွက် ထည့်သွင်းစဉ်းစားစရာ တွေထဲ တွင်၊ အချိန်မှန်ရန် အရေးပါ-မပါ၊ မသေချာမရေရာမှုတွေကို ဘယ်လိုသဘောထားသလဲဟူသော ကိစ္စတွေပါဝင် သည်။ လုပ်ငန်းအတော်များများက၊ ¤င်းတို့၏ဝန်ထမ်းတွေကို၊ ယဉ်ကျေးမှုကိစ္စတွေအတွက် သင်တန်းပေးသောအခါ၊ အတော်များများက မအောင်မြင်၊ သေသေချာချာပီပီပြင်ပြင်မရှိ၊ ခြားနားမှုကိုလက်ခံဖို့လောက်ထက်မပို၊ ကုမ္ပဏီတွေ ရင်ဆိုင်နေရသော ယဉ်ကျေးမှုဆိုင်ရာ ပြဿနာတွေကို တိတိကျ ကျဖေါ်ထုတ်၊ ရှင်းပြနိုင်ခြင်းမရှိ။ ပြည်ပတွင် အလုပ် လုပ်ရန်အတွက် ခန့်ထားသည့်အခါ၊ ယဉ်ကျေးမှုမတူသူတွေနှင့် အလုပ်လုပ်သည့်အခါ၊ ယဉ်ကျေးမှုတတ် သိနား လည် စွမ်းမြင့်မားသူတွေကို ဖေါ်ထုတ်ခန့်အပ်ရန်လိုအပ်သည်။ ယဉ်ကျေးမှုတတ်သိနားလည်ခြင်းကို လစာအစီ အစဉ် တွေ၊ သင်တန်းပေးရာတွေ၌ပါ၊ ထည့်သွင်းစဉ်းစားရမည်။ ထိုပြဿနာတွေကို၊ နိုင်ငံစုံကုမ္ပဏီကြီး တွေကသာ မက၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းတွေ၊ အင်တာနက်ကိုသုံး၍ နိုင်ငံခြားဈေးကွက်ကို ထိုးဖေါက်ရန်ကြံစည် နေသော လုပ်ငန်းတွေပါ၊ ရင်ဆိုင်ဖြေရှင်းနေကြပြီ။ အမေရိကန်သမ္မတအိုဘားမား၏ အစိုးရအဖွဲ့က(၅)နှစ် အတွင်း ပို့ကုန် နှစ်ဆတိုးမြှင့်ရန် ရည်ရွယ်လုပ်ဆောင်ရာ၌၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များသည် အခြား ယဉ်ကျေး မှုများကို လျင်မြန်စွာနားလည်သဘောပေါက်နိုင်စွမ်း ပိုမိုကောင်းမွန်ရေးအတွက် လုပ်ဆောင်ရမည်ကို သဘောပေါက် လာကြ သည်။ ထို့ကြောင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက၊ ယဉ်ကျေးမှုတတ်သိနားလည်စွမ်း မြင့်မားရေး သင် တန်းတွေ ပေးရန်စီစဉ်နေပြီ။ အငယ်စားနှင့် အလတ်စားလုပ်ငန်း တွေ၊ ပို့ကုန်မြှင့်တင်ရန်ကြိုးပမ်းရာ၌ မအောင် မမြင်ဖြစ်ရခြင်းမှာ၊ ထိုစွမ်းရည်နိမ့်ကျ၍ ဖြစ်သည်ဟုဆိုသည်။ တရားဝင်ကုန်သွယ်ရေး ဥပဒေတွေ၊ မူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးပေးမှုလွန်ကဲပြီး၊ ယဉ်ကျေးမှုကွဲပြားသော အခြေအနေတွင်၊ စေ့စပ်ညှိနှိုင်းမှု၊ ဈေးကွက် တင်မှု၊ ဖြန့်ဖြူးမှု အစရှိသည်တို့ကို ခြုံငုံစဉ်းစားမှုမရှိခြင်းကြောင့်ဖြစ်သည်ဟု၊ အချို့ပညာရှင်တွေက သုံးသပ်သည်။ ထို့ကြောင့် အမေရိကန်အစိုးရကိုယ်တိုင်က၊ အမေရိကန်လုပ်ငန်းတွေ၊ ယဉ်ကျေးမှုတတ်သိ နားလည် နိုင်စွမ်းမြင့် မားရေးကို အလေးအနက်သဘောထားလာကြသည်မှာ၊ တိုးတက်မှုတစ်ခု ဖြစ်သည်။ နောင်အမေ ရိကန်ဟော လီးဝုဒ် ရုပ်ရှင် တွေက၊စီးပွားရေးလုပ်ငန်းဆိုင်ရာဝေါဟာရတွေယူသုံးလျှင်၊တလွဲမဖြစ်တန်ရာဟုမျှော်လင့်ရသည်။ (အီကောနောမစ်)
E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
အမေရိကန်ကျောင်းများတွင် e-textbook တော်လှန်ရေးစတင်
bullet
ပြန်ပေးဆွဲခံ သင်္ဘောအား အမေရိကန် မရိန်းတပ်သားများ ကယ်တင်
bullet
ဆိုမာလီလေဆိပ်တွင် အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ပွား
bullet
ကျူးဘား၏ ကွန်မြူနစ်ပုံစံသည် အလုပ်မဖြစ်တော့ကြောင်း ဖီဒဲလ်ကက်စထရို ပြောကြား
bullet
ကော်လိုရာဒိုပြည်နယ်တွင် တောမီးလောင်ကျွမ်း
bullet
တရုတ်တွင် ကမ်းလွန်ရေနံတူးစင် တိမ်းစောင်းမှု ဖြစ်ပွား
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved