Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
လှေများ- သင်္ဘောများ

1/Jun/2010

E-Mail this article Printable Version
သင်္ဘောတွေကြောင့်၊ လူတွေဟာ၊ ကမ္ဘာ့မျက်နှာပြင်ရဲ့ (၇၈)%ကို အောင်နိုင်ကြတယ်။ စီးဆင်းနေတဲ့မြစ်တွေ သမုဒ္ဒရာတွေကို လွှမ်းမိုးကျော်လွှားမယ်ဆိုတဲ့၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့၊ လူတွေက၊ သင်္ဘောတွေ တည်ဆောက်ကြတယ်။ သူတို့ကို တည်ထွင်လိုက်တဲ့အချိန်ကစပြီး၊ သင်္ဘောတွေလှေတွေဟာ၊ လူတွေ ရဲ့ဘဝတွေနဲ့၊ နီးနီးကပ်ကပ် ဖြစ်လာကြတယ်။ လူတွေ၊ သင်္ဘောတွေကိုသုံးပြီး၊ နယ်ပယ်အသစ်တွေကို ရှာဖွေဖို့၊ သမုဒ္ဒရာထဲက ရတနာတွေကို ဖော်ထုတ်ဖို့၊ ကမ္ဘာတဝှမ်းကို လှည့်လည်သွားလာဖို့လုပ်ကြတယ်။ အနောက်နိုင်ငံ တွေက၊ အာရှကိုအောင်နိုင်တာဟာ၊ သင်္ဘောတွေကြောင့်ပါ။ မင်းသုံးဆက်ခေတ်တုံးက၊ ထင်ရှားတဲ့မဟာဗျူဟာ ပညာရှင် Zhuge Liang ဟာ၊ ရန်သူတွေရဲ့ မြှားဒဏ်ကိုခံနိုင်ဖို့၊ ကောက်ရိုးလှေတွေကို သုံးပြီး၊ ပြိုင်ဘက်တွေထက် ဥာဏ်ရည်သာလွန်တာကို ပြသခဲ့တယ်။ လှေတွေ၊ သင်္ဘောတွေ ကို၊ ဥပမာပေးတာ အများကြီးရှိတယ်။ အဖွဲ့အစည်း တခုထဲမှာ၊ လူတွေပူးပေါင်းဆောင်ရွက်ကြ၊ တယောက်ကိုတယောက် ကူညီကြလို့ ပြောချင်ရင်၊ 'တလှေထဲစီး- တခရီးတည်းသွား' လို့ သတိပေးတတ်တယ်။ မကောင်းတဲ့သူတွေနဲ့ တွေ့တယ်၊ မမှန်တဲ့ကုမ္ပဏီတွေ၊ မှားယွင်းတဲ့ ရင်းနှီးမြှုတ်နှံမှုတွေ လုပ်မိပြီဆိုရင်၊ 'ပင်လယ်ဓါးပြသင်္ဘော- တက်စီးမိပြီ' လို့ပြောကြတယ်။ မမြင်ရတဲ့ အလှည့် အပြောင်းတွေနဲ့ တွေ့ပြီဆိုရင်၊ 'မြောင်းထဲမှာ လှေမှောက် သလို' လို့ ပြောကြတယ်။ လင်မယားနှစ်ယောက်အနေနဲ့ ဆက်နေဖို့ ခက်တယ်ဆိုရင်၊ 'လှေစီးဖို့ဆယ်နှစ်၊ တအိပ်ယာတည်းအိပ်ဖို့ အနှစ်(၁ဝဝ)ကြာအောင် စောင့်ရတယ်' လို့ ပြောလေ့ရှိတယ်။ အခက်အခဲတွေ မသေချာမရေရာတာတွေနဲ့ ပြည့်နှက်နေတဲ့၊ ဘဝကို 'သမုဒ္ဒရာထဲက လှေငယ် တစ်စင်း' လို့ ပြောကြတယ်။ ပညာသင်ကြားတယ်ဆိုတာ၊ 'ရေဆန်ကို လှော်ရသလိုပ'ဲ လို့ ကျောင်းသားတွေကို အားပေးလေ့ရှိကြတယ်။ လုပ်ငန်းခွင်မှာဖြစ်စေ၊ ခရီးသွားတဲ့အခါဖြစ်စေ၊ အဆင်ပြေချောမွေ့စေဖို့၊ 'ဖြောင့်ဖြောင့် တန်းတန်း ရွက်လွှင့်သွားနိုင်ပါစေ' လို့ ပြောလေ့ရှိကြတယ်။ မျက်နှာများတဲ့ လူတွေကိုတော့၊ 'လှေနံနှစ်ဘက်နင်း' လို့ ပြောတယ်။ ဘုရင့်နောင်ရဲ့နောင်ရိုးတိုက်ပွဲထုံး နှလုံးမူသလို၊ ဆန္ဒပြင်းထန်တာတွေ့ရင်၊ 'စားအိုးစားခွက်တွေလဲဖျက်- လှေတွေလဲဖျက်' လို့ပြောတယ်။ လောဘကြီးတဲ့သူတွေကိုတော့ လှေလှော်ဝင်လို့ရအောင်၊ ကြီးမားတဲ့ ဝမ်းခေါင်းပိုင် ရှင်လို့ ပြောကြတယ်။ 'ပြောင်းလဲနိုင်တဲ့ ကိစ္စတွေအတွက်'၊ သင်္ဘောဆိုက်ရင်၊ သိလိမ့်မယ်' လို့ ဆင်ခြေပေးကြတယ်။ အလောင်းတော်တွေက၊ သတ္တဝါတွေအပေါ်ထားတဲ့ ကရုဏာကို 'မေတ္တာလှေကြီးမှောက်လိုက် သလို' လို့ပြောတယ်။ သမိုင်းတလျောက်မှာ၊ လှေတွေသင်္ဘောတွေဟာ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတယ်။ ကဗျာဆရာတွေက၊ ခွဲခွာရတာတွေအတွက် ဝမ်းနည်းမှု၊ အိမ်အလွမ်းတွေကို ဖေါ်ပြဖို့အတွက်၊ ဥပမာတွေဖြစ်လာကြတယ်။ ဥပမာ- ချင်မင်းဆက်ကYi Renzhang က 'နှစ်အကုန်မှာ၊ အိမ်ပြန်လာတဲ့ လှေဟာပေါ့ပါးသွက်လက်နေတယ်။ သီချင်းဆိုတဲ့ ကတဲ့အချိန်မှာ မျက်ရည်ယိုစီးတာတွေ မရှိတော့ဘူး' လို့ ရေးခဲ့တယ်။ ဆောင်မင်းဆက်က SuYi ကျတော့၊ 'အီယန်မြစ်ရဲ့ မေတ္တာမဲ့ ရေဟာ အရှေ့ကိုစီးတယ်၊ ခွဲခွာရတဲ့ ဝမ်းနည်းမှုလှေတစီးတိုက်စာကို အနောက်ကို သယ်သွားတယ်' လို့ ရေးတယ်။ ဒီ့အပြင်၊ မင်းစီးယပ်စ်နဲ့ခေတ်ပြိုင် ဇွန်ဇီက၊ နိုင်ငံရေးခေါင်းဆောင်တယောက်နဲ့ လူထုရဲ့ ကြားဆက်ဆံရေးကို၊ လှေနဲ့ရေအဖြစ် တင်စားခဲ့တယ်။ ဆိုလိုတာက၊ ပြည်သူလူထုဟာ နိုင်ငံရေး အုပ်ချုပ် သူတွေကို အထောက်အပံ့ပေးလိုလည်းရတယ်။ မှောက်လှန်ပစ်လို့လည်း ရတယ်ပေါ့။ ဗုဒ္ဓဘာသာမှာတော့၊ လှေ တစီးဟာ၊ ကယ်တင်ခံရခြင်း၊ တဘက်ကမ်းကို ရောက်နိုင်စွမ်းရှိခြင်းရဲ့ သင်္ကေတပဲ။ မွေးဖွားခြင်း၊ သေခြင်း ဆိုတဲ့မြစ်ကို ကူးဖြတ်ဖို့အတွက်၊ ဓမ္မဟာလှေနဲ့ တူတယ်။ သုတ္တန်တခုမှာ 'သည်းခံခြင်းဟာ၊ အခက်အခဲကို ကျော်လွှားနိုင်တဲ့ လှေကြီးတစ်စင်းဖြစ်တယ်' လို့ ဆိုထားတယ်။ ဆဌမမြောက် သာသနာ ပိုင်က၊ သူ့ဆရာသူ့ကို လှေပေါ်တင်ပြီး လွှတ်လိုက်ဖို့ အားကိုးသတဲ့။ ထင်ရှားတဲ့ကဗျာတစ်ပုဒ်မှာ 'မောဟရှိနေရင်၊ ကူးဖြတ်ဖို့ကူညီမယ့် ဆရာလို တယ်။ ဥာဏ်ပွင့်ရင်၊ ကိုယ်တိုင်ဖြတ်ပြီ' လို့ ဆိုထားတယ်။ လှေတွေဟာ၊ လူအတော်များများအတွက် နေအိမ်တွေလဲဖြစ်တယ်။ အမ်စတာဒမ်က၊ လှေအိမ်တွေကို ကြည့်လေ။ ဘန်ကောက်မှာ လှေတွေဟာ အိမ်တွေဖြစ်ရုံမကဘူး၊ ရွေ့လျားဈေးဆိုင်တွေလဲဖြစ်တယ်။ မြေပေါ်မှာနေတဲ့ လူတွေတ အံ့တသြဖြစ်သွားစေတဲ့၊ ရေပေါ်ဈေးတွေကို ဖြစ်စေတယ်။ တံငါသည်တွေ၊ တချို့ဒုက္ခသည်တွေပဲ လှေထဲနေနေကြတဲ့အချိန်မှာ၊ တချို့ လူတွေက အငြိမ်းစားယူရင်၊ လှေထဲမှာ နေကြမယ့်တဲ့။ ဇိမ်ခံသင်္ဘောကြီးတွေကိုတော့ ဖျော်ဖြေရေးအတွက် အသုံးပြုကြပြီး၊ ရွက်လှေတွေကတော့ ပြိုင်ပွဲဝင်ဖို့ သုံးကြတယ်။ ရေစီးဖြတ်ပြီး တဘက်ကမ်းကူးရာမှာ ကာကွယ် စောင့်ရှောက်တဲ့ လှေတွေလိုပဲဖြစ်ဖို့ကောင်းတယ်။ အားကိုးအားထားပြုစရာ၊ သယ်ဆောင်ပေးတာ၊ အလုပ်အကျွေး ပြုတာ တစ်ခုဖြစ်သင့်တယ်။ ဒုက္ခသမုဒ္ဒရာထဲက လူတွေကို မျှော်လင့်ချက်တွေ ပေးပြီး၊ ကယ်တင်ဖို့ ကူညီရမယ်။ လှေတစ်စင်းမဖြစ်ချင်ဘူးလား။ (IYNUUNS - EEKIGNYAPPINES)- ညိုညို
E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
တရုတ်တွင် ကမ်းလွန်ရေနံတူးစင် တိမ်းစောင်းမှု ဖြစ်ပွား
bullet
သူဋ္ဌေးကြီးဆိုရော့က လူ့အခွင့်အရေးအဖွဲ့အား ဒေါ်လာသန်း ၁၀၀ လှူဒါန်း
bullet
သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ဂျူလီယာဂစ်လက် ဆက်လက်ထမ်းဆောင်
bullet
ချမ်းသာသမျှ အကုန်လှူမည့် တရုတ်သူဋ္ဌေးကြီး
bullet
မြောက်ကိုရီးယားက တောင်ကိုရီးယားထံမှ ဆန်နှင့် ဘိလပ်မြေ အကူအညီ တောင်းခံ
bullet
ပင်စင်ဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပြင်သစ်တွင် ဆန္ဒပြ
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved