Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
မြစ်ကြီးနားမြို့နယ်မြို့မိမြို့ဖများ ဦးစီးကျင်းပသည့်အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲအခမ်းအနား

4/Jun/2010

E-Mail this article Printable Version
      မြစ်ကြီးနားမြို့နယ် မြို့မိမြို့ဖများမှ ဦးဆောင်၍ အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ အခမ်းအနား ကြီး အား မြစ်ကြီးနားမြို့၊ မြစ်ကြီးနားဘူတာကြီးတွင် (၂-၆-၂၀၁၀)ရက်နေ့ ညနေ(၃)နာရီတွင် ကျင်းပပြုလုပ် ခဲ့ပါ သည်။
     အခမ်းအနားတွင် သဘာပတိကြီးအဖြစ် မြို့မြို့ဖ ဦးခင်မောင်လှ မှ ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ ၀င်များ အဖြစ် မြို့မိမြို့ဖများဖြစ်ကြသော ဦးခမိုင်တန်နှင့် ဦးစိုင်းယီကျန် တို့ကဆောင်ရွက်ခဲ့ကြပြီးသဘာပတိ ဦးခင်မောင်လှ မှအဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့မိမြို့ဖ ဦးဇုန်းတိန့်မှ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်အတွင်း အဖျက်လုပ်ရပ်များအား ဆန့်ကျင်ကြောင်း အဆိုအား တင်သွင်းပြီး ကချင် ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းဟန်သန်းနှင့် မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး(၂)၊ ဈေးမိဈေးဖ ဒေါ်ကျော့ကျော့တို့က ဦးဇုန်းတိန်း တင်သွင်းသည့် အဆိုအား ထောက်ခံတင်ပြခဲ့ကြပါသည်။
     ထို့နောက် အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချသည့် အဆိုအား သဘာပတိကြီးမှ အခမ်းအနားသို့ တက် ရောက်လာကြသည့် ပရိတ်သတ်ထံ အတည်ပြုချက်တောင်းခံခြင်းနှင့် ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချ ကြောင်း ဆုံးဖတ်ခဲ့ကြကြောင်း ။
    အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် အတွင်းရေးမှူး များ၊ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်(၁၂၀)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ကိုယ်စား လှယ်(၃၄၀)ဦး၊ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်(၃၀)ဦး၊ ရှမ်းရိုးရာ စာပေနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်(၂၀)ဦး၊ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၁၀၀)ဦး၊ မြစ်ကြီးနားမြို့၊ ဈေးမိ၊ ဈေးဖ၊ ဈေးသူ/ဈေးသား ကိုယ်စား လှယ် (၁၅၀)ဦး၊ မိဘပြည်သူ(၂၈၅)ဦး၊ စုစုပေါင်း (၁၀၄၅)ဦး တက်ရောက်ခဲ့ပါသည်။

    - ပြည်ထောင်စုမပြိုကွဲရေး                                                        (ဒို့အရေး ဒို့အရေး ဒို့အရေး)
    - တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး                                (ဒို့အရေး ဒို့အရေး ဒို့အရေး)
    - အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး                                      (ဒို့အရေး ဒို့အရေး ဒို့အရေး)
    - နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေး    (ဒို့အရေး ဒို့အရေး ဒို့အရေး)
    - အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချရေး                              (ဒို့အရေး ဒို့အရေး ဒို့အရေး) တို့ဖြင့်ကြွေးကြော် လျှက်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် BB.M နှင့် B.A (EPP) သင်တန်းများအတွက် သင်တန်းသား လျှောက်လွှာ ခေါ်ယူခြင်း
bullet
တိုင်းနှင့်ပြည်နယ် ကော်မရှင်ရုံးများသို့ မဲပုံးများပို့ပြီ
bullet
Yatanarpon National Web Portal နှင့်ပတ်သက်၍ ပြည်ပသတင်းဌာနအချို့မှ စွပ်စွဲချက်များ မမှန်ကန် သတင်းအချက်အလက် စုံလင်ရေးအတွက် စာနယ်ဇင်းများ၏ ပူးပေါင်းပံ့ပိုးမှု လိုအပ်
bullet
သောကြာဂြိုလ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိ
bullet
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း နိုင်ငံရေး ကင်းရှင်းစရာ မလိုတော့
bullet
နယ်မှလာသည့် ရွေ့လျားဈေးသည်များ အသွင်ဖြင့် နေအိမ်များသို့ သွားရောက်ကာ လိမ်လည် ရောင်းချမှုများရှိနေ
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved