ပြင်သစ်နိုင်ငံမြောက်ပိုင်း နော့ဒေသတွင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက မွေးကင်းစကလေးငယ် ၈ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု ဒေသခံရဲအဖွဲ့က ထုတ်ဖော်ပြောဆိုသည်။ ရုပ်အလောင်း ၄ခုကို အသစ်စက်စက်ဝယ်ယူထားသော ဥယျာဉ်အိမ်ယာအတွင်းမှ တွေ့ရှိ၍ ကျန်းအလောင်း ၄ခုကို ၁ကီလိုမီတာအကွာ နေရာတွင် တွေ့ရှိခြင်းဖြစ်သည်။ လိုအပ်သောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ယခင်အိမ်ပိုင်ရှင်အား ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ထိုအိမ်ရှင်များသည် ပျူငှာဖော်ရွေ၍ ပတ်ဝန်းကျင်နှင့် သင့်တင့်စွာနေထိုင်သဖြင့် ဒေသခံများအဖို့ အံ့အားသင့်စရာဖြစ်နေသည်။ ၄င်းဒေသတ၀ိုက်သည် နှစ်ပေါင်းများစွာကပင် အေးချမ်းငြိမ်သက်စွာရှိခဲ့သည်။ ကလေးငယ်များ သေဆုံးရခြင်း အကြောင်းကို ခွဲစိတ်စစ်ဆေးရှာဖွေမည်ဖြစ်သည်။ (ဆင်ဟွာ)