တရုတ်ပြည်အရှေ့ပိုင်း ကျန်ဆုပြည်နယ် နန်ဂျင်းမြို့၏ မြောက်ဘက်ရှိ စွန့်ပစ်ထားသော ပလက်စတစ်စက်ရုံတစ်ခုတွင် ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ လူ ၁၀ဦးသေဆုံး၍ ၁၂၀ခန့် ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့တင်ပို့ကုသထားရသည်။ ၄င်းပလက်စတစ်စက်ရုံအား ဖျက်သိမ်းနေစဉ် ပိုက်လိုင်းပေါက်၍ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်ခဲ့သည်။ ထိုစဉ် အနီးအနားရှိ ကားကိုစက်နှိုးလိုက်ရာ ဓာတ်ငွေ့ကို မီးစွဲ၍ ပေါက်ကွဲလောင်ကျွမ်းခြင်းဖြစ်သည်။ (ဆင်ဟွာ)