Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
နာဂစ်လွန် ပြန်လည်ထူထောင်ရေး ဆောင်ရွက် နေသော အာဆီယံလူသားချင်းစာနာမှု အကူအညီ ပေးရေးအဖွဲ့နှင့် သုံးပွင့်ဆိုင်ဗဟို အဖွဲ့တို့၏ လုပ်ငန်းများကို ဇူလိုင်လ ၃၁ရက် နေ့တွင် တရားဝင်ရပ်ဆိုင်းရန် သဘောတူ

30/Jul/2010

E-Mail this article Printable Version
နာဂစ်လွန် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသော အာဆီယံလူသားချင်း စာနာမှုအကူအညီပေးရေးအဖွဲ့ (AHTF) နှင့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (TCG) ၏ လုပ်ငန်းများကို ဇူလိုင်လ ၃၁ ရက်နေ့တွင် တရားဝင် ရပ်ဆိုင်းရန် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများက သဘောတူညီခဲ့ကြောင်း အာဆီယံ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် (၄၃) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်နေစဉ် ဇူလိုင်လ ၂၀ ရက်နေ့က ယင်းကဲ့သို့သဘော တူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ AHTF အဖွဲ့တွင် အာဆီယံနိုင်ငံများ၏ အဆင့်မြင့်နှင့် အကြီးတန်းအရာရှိကြီး ၂၀ ဦးပါဝင်ပြီး အာဆီယံအတွင်းရေးမှူးချုပ်က ဥက္ကဋ္ဌဖြစ်ပြီး သုံးပွင့်ဆိုင် ဗဟိုအဖွဲ့တွင် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့် ဇူလိုင်လတွင် ကုန်ဆုံးချိန်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက နာဂစ်သင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုတာဝန်ကို လွှဲပြောင်းတာဝန် ယူသွားမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် အရပ်ရပ်ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၄၀၅၇ သန်းဖြစ်ကြောင်း သိရသည်။ နာဂစ်လေဘေးသင့်ဒေသတွင် ၂၀၀၉-၂၀၁၁ သုံးနှစ်အတွင်း အကောင်အထည်ဖော်မည့် နာဂစ်လွန် ပြန်လည် ထူထောင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု အစီအစဉ် (Post Nargis Recovery Preparation and Plan - PONREPP) ၌ ပါရှိသောလုပ်ငန်းများကို ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၆၉၁ သန်းလိုအပ်ရာ ရန်ပုံငွေလိုအပ်ငွေ၏ ၂၅ ရာခိုင်နှုန်းခန့်သာရရှိသေးကြောင်း သိရသည်။ နာဂစ် မုန်တိုင်းသင့် ဒေသ၌ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုးတက်မှုအချို့ရှိသည် ဆိုရာ၌ အစားအစာဖူလုံမှု၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနှင့် သန့်ရှင်းသော သောက်ရေရရှိမှုပိုင်း၌ တိုးတက်မှုရှိလာသော်လည်း လုံခြုံစိတ်ချရသော နေအိမ်များ ဆောက်လုပ်ပေးရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖန်တီးပေးရေး ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
ပို့ကုန်များ နိုင်ငံတကာအဆင့်မီ တင်ပို့နိုင်ရေး မြန်မာနိုင်ငံတွင် ပထမဆုံး ဘားကုဒ်စနစ် သုံးနိုင်ရန် စီစဉ်နေ
bullet
မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို စည်ပင်က လွှဲပြောင်းရယူပြီး အဆင့်မြှင့်ဆောင်ရွက်မည်
bullet
၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ- ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ငါးနှစ်တာကာလအတွင်း ကုန်သွယ်မှု နှစ်ဆကျော် ပိုမိုကုန်သွယ်နိုင်
bullet
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စစ်တမ်းအရ အင်တာနက် အသုံးပြုနိုင်သူ နှစ်သိန်းကျော်သာ ရှိဟုဆို
bullet
အေတီအမ်စနစ် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အသုံးပြုရန် စီစဉ်နေသော်လည်း မည်သည့်ဘဏ်မျှ သုံးစွဲခွင့် မရရှိသေး
bullet
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေက ‘မြန်မာနှင့်အာဆီယံ’ ခေါင်းစဉ်ဖြင့် ဟောပြောမည်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved