Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
AFTA သဘောတူညီမှုအရ မြန်မာနိုင်ငံအနေဖြင့် အရေးကြီး ကုန်စည်များမှအပ ကျန်ကုန်စည်များကိုမူ ၂၀၁၅အရောက်တွင် အကောက်ခွန် သုညဒသမ ၅ရာခိုင်နှုန်းအထိ လျှော့ချသွားမည်

30/Jul/2010

E-Mail this article Printable Version
အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ် (AFTA) အရ မြန်မာနိုင်ငံအနေနှင့်မူ အရေးကြီး ကုန်စည်များမှအပ ကျန်ကုန်စည်များကို ၂၀၁၅ ခုနှစ်အရောက်တွင် အကောက်ခွန် သုညဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချ သွားမည်ဖြစ်ကြောင်း အာဆီယံအကောက်ခွန်ရေးရာ ကျွမ်းကျင်သူများထံမှ သိရသည်။ AFTA အစီအစဉ် အောက်ရှိ အာဆီယံ ပေါင်းစည်းရေးကဏ္ဍနှင့် အာဆီယံကုန်စည် ကုန်သွယ်မှုနှင့် ကုန်စည်ရောင်းဝယ် ဖောက်ကားခြင်း သဘောတူညီချက် (ASEAN Trade and Goods Agreement)အရ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်တွင် အခွန်လျှော့ချရန် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကို သုညရာခိုင်နှုန်းအထိ ဆက်လက်လျှော့ချ ပေးသွားမည်ဖြစ်ကြောင်းလည်း အကောက်ခွန်မူဝါဒရေးရာ လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အကောက်ခွန်လျှော့ချပေးမည့် ကုန်စည်များမှာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ သစ်အခြေခံပစ္စည်းများ၊ မော်တော်ယာဉ်များ၊ စိုက်ပျိုးရေးအခြေခံ ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများပါဝင်ကြောင်းလည်း သိရသည်။ “အကောက်ခွန်နှုန်းထား ချက်ချင်း လျှော့ပေးနိုင်ခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေ၊ ခေတ္တအကာအကွယ်ပေးလိုတဲ့ ကုန်ပစ္စည်းတွေကို ယာယီအားဖြင့် ဖယ်ထားတဲ့ စာရင်းထဲမှာ ထည့်ထားပြီး ချည်ထည်၊ အထည်အလိပ်ပစ္စည်း၊ စက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေ ပါဝင်တယ်။ ပြီးရင် နှစ်အလိုက် ထည့်သွင်းစာရင်းကို ရွှေ့ပြောင်းပေးရပါမယ်။ လတ်တလောအခြေအနေအရ အကောက်ခွန်လျှော့ချတာကို အချိန်ယူအကာအကွယ် ပေးလိုတဲ့အတွက် ဆန်၊ ကော်ဖီ၊ ၀ါနဲ့သကြားစတဲ့ ကုန်ပစ္စည်းတွေဟာ အရေးကြီးစာရင်း (Sensitive List-SL) တွင်ပါဝင်ပြီး နှစ်အကန့်အသတ်နဲ့ ချန်လှပ်ထားပါတယ်” ဟု ၄င်းကဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် BB.M နှင့် B.A (EPP) သင်တန်းများအတွက် သင်တန်းသား လျှောက်လွှာ ခေါ်ယူခြင်း
bullet
တိုင်းနှင့်ပြည်နယ် ကော်မရှင်ရုံးများသို့ မဲပုံးများပို့ပြီ
bullet
Yatanarpon National Web Portal နှင့်ပတ်သက်၍ ပြည်ပသတင်းဌာနအချို့မှ စွပ်စွဲချက်များ မမှန်ကန် သတင်းအချက်အလက် စုံလင်ရေးအတွက် စာနယ်ဇင်းများ၏ ပူးပေါင်းပံ့ပိုးမှု လိုအပ်
bullet
သောကြာဂြိုလ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိ
bullet
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း နိုင်ငံရေး ကင်းရှင်းစရာ မလိုတော့
bullet
နယ်မှလာသည့် ရွေ့လျားဈေးသည်များ အသွင်ဖြင့် နေအိမ်များသို့ သွားရောက်ကာ လိမ်လည် ရောင်းချမှုများရှိနေ
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved