ရန်ကုန်မြို့၏ တိုက်ခန်းဈေးကွက်တွင် မြေညီနှင့် အထပ်အမြင့်လွှာများ ပိုမိုအရောင်းအဝယ်သွက်လျက်ရှိပြီး အလယ် အလတ်ခန်းများ ဈေးကွက်အနည်းငယ်အေးလျက်ရှိကြောင်း သိရသည်။ အလယ်လွှာများတွင် ဒုတိယထပ်မှ ပဉ္စမထပ် ထိ အကျုံးဝင်ပြီး များသောအားဖြင့် ရန်ကုန်မြို့တွင် ခြောက်ထပ်နှင့် ရှစ်ထပ်အမြင့်ရှိသည့် တိုက်ခန်း အများဆုံး တည်ရှိနေသည်။ “ စီးပွားရေးသမားတွေကတော့ မြေညီအသုံးများတယ်။ ခန့်မှန်းခြေ သိန်း ၆၀၀နဲ့ ၁၀၀၀ ကြား လောက် ပေါက်တာတွေပေါ့။ တချို့နေမယ့်သူတွေကတော့လည်း မြင့်ချင်မြင့်ပါစေ၊ ဈေးနည်းတာပဲ ရှာတာမျိုးရှိ တယ်။ ဒါကတော့ သိန်း ၁၅၀၊ ၂၀၀ လောက်သုံးတာပေါ့။ အလယ်အလတ်တိုက်ခန်းတန်ဖိုး ၄၅၀နဲ့ ၆၀၀ ကြားလောက် တွေကတော့ အရောင်းအဝယ်ကျဲတယ် ” ဟု ယူနတီ အကျိုးဆောင်လုပ်ငန်းမှ ကိုဇော်ဇော်ကပြောသည်။ ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးတိုက်ခန်းများတွင်လည်း မြေညီထပ်နှင့် အမြင့်ထပ်များ ပိုမိုမြန်ဆန်စွာ ရောင်းချရ လေ့ရှိကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။ “မြေညီထပ်ကတော့ စီးပွားရေးလုပ်လို့ ကောင်းလို့၊ အပေါ်ထပ်တွေကတော့ အများစုလိုက်မီတဲ့ ငွေကြေးပမာဏဖြစ်လို့ အလယ်လွှာတွေ ထက်စာရင်ပို သွက်တယ်” ဟု ဦးအောင်ထွန်းကပြောကြားကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် တွင် ဖော်ပြထားပါသည်။