ဧရာဝတီတိုင်း အမာမြို့နယ်၌ ဇူလိုင် ၂၅ရက်နေ့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုလဲ ပျက်စီးမှုနှင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ လူတစ်ဦးသေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဧရာဝတီတိုင်း အမာမြို့နယ် ဒေါ်ငြိမ်းကျေးရွာအုပ်စု ခါးပြတ်ကျေးရွာ၌ ဇူလိုင် ၂၅ရက် မွန်းလွဲ ၂နာရီ ၄၅မိနစ်ခန့်မှ ၂နာရီ ၅၅မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) တို့မှ လူနေအိမ်အချို့ ပြိုလဲပျက်စီးပြီး လူနေအိမ်အချို့ အမိုးလန်ပျက်စီးကာ အမျိုးသမီးတစ်ဦး သေဆုံး၍ အမျိုးသား၊ အမျိုး သမီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း၊ တာဝန်ရှိသူများက လေဘေးသင့်ဒုက္ခသည်များအား ခါးပြတ်ကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းနှင့် ဘုန်းကြီးကျောင်းတို့၌ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး လိုအပ်သည့် ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထား ပါသည်။