Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်းခရီးစဉ်များ၌ နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှုများ စတင်ပေးသွားမည်

30/Jul/2010

E-Mail this article Printable Version
လာမည့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်းခရီးစဉ်များ၌ နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှုများ စတင်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်လေဆိပ် လုပ်ငန်းခွင်ရှိ တာဝန် ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ နေပြည်တော်လေဆိပ်အား Aisa World ကုမ္ပဏီမှ လေဆိပ် ဆောက်လုပ် ရေး စီမံကိန်းအဆင့် သုံးဆင့်ဖြင့်၂၀၀၉ ခုနှစ်အတွင်းက စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။ အပြည်ပြည် ဆိုင်ရာခရီးသည်တင် လေကြောင်းခရီးစဉ်များ ဆိုက်ကပ်နိုင်မည့် အဆောက်အအုံနှင့် ပြည်တွင်းခရီးစဉ် အသုံးပြု အဆောက်အအုံအသစ်ကို တစ်ပြိုင်နက် ဆောက်လုပ်နေပြီး ပြည်တွင်းလေဆိပ်သစ်ကိုမူ ဦးဆုံးပြီးစီးရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဆိုပါသည်။ 'နိုင်ငံတကာက ခရီးသည်တင် လေယာဉ်တွေဆိုက်ဖို့ လေဆိပ် အဆောက်အအုံနဲ့ ပြည်တွင်းသုံးဖို့ အဆောက်အအုံကို တစ်ပြိုင်နက်တည်း ဆောက်နေတယ်။ ဒါပေမဲ့ ပြည်တွင်း ခရီးစဉ်အသုံးပြုမယ့် လေဆိပ်ကိုတော့ အရင်ဆုံး ပြီးအောင်လုပ်မယ်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းလောက်ဆိုရင် နိုင်ငံတကာအဆင့်မီတဲ့ ၀န်ဆောင်မှုတွေကို ပြည်တွင်းခရီးစဉ် စီးမယ့်ခရီးသည်တွေကို ပေးသွားမှာပါ'ဟု လေဆိပ် လုပ်ငန်းခွင်မှ တာဝန်ရှိသူက ဆိုပါသည်။  ၎င်းကပင်ဆက်လက်၍ 'အခု နိုင်ငံတကာခရီးစဉ်ကတော့ အစိုးရကိစ္စနဲ့ သွားလာမှုပဲရှိတယ်။ ပြည်တွင်းခရီးသည်တင် လေယာဉ်ခရီးစဉ်တွေ ရှိပါတယ်။ ၂၀၁၁ မှာပြည်တွင်း ခရီးစဉ်တွေမှာ နိုင်ငံတကာ အဆင့်မီ ၀န်ဆောင်ပေးဖို့က သွားမယ့်လေယာဉ်ဆီကို ကားနဲ့တစ်ဆင့်သွားစရာမလိုဘဲ Tube နဲ့ တစ်ခါ တည်း လေယာဉ်ပေါ် အရောက်တက်တာ၊ ရွေ့လျားစက်နဲ့အိတ်သယ်တာ၊ ကျန်းမာရေး၊ လုံခြုံရေးစတဲ့ လေဆိပ် အတွင်းပိုင်း ၀န်ဆောင်မှုတွေအပြင် လေဆိပ်အပြင်က ၀န်ဆောင်မှု၊ ဥပမာ တက္ကစီယာဉ်တွေ ထားပေးတာ စတာ တွေကို စနစ်တကျနဲ့ ပြည်တွင်းခရီးသည်တွေကို ၀န်ဆောင် ပေးသွားမှာပါ။ ပြောရရင် နိုင်ငံတကာ ခရီးစဉ်တွေမှာ ၀န်ဆောင် ပေးရသလိုမျိုးပဲ ပြည်တွင်းခရီးစဉ်တွေ လုပ်ပေးမှာပါ' ဟု ရှင်းပြခဲ့သည်။   နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ကပ်ရပ်နား ၀င်ထွက်သွားလာနိုင်ရန် အတွက်လည်း ပြုလုပ်လျက်ရှိရာ သွားလာနိုင်မည့် နှစ်အတိ အကျကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၂၀၁၀ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
ပို့ကုန်များ နိုင်ငံတကာအဆင့်မီ တင်ပို့နိုင်ရေး မြန်မာနိုင်ငံတွင် ပထမဆုံး ဘားကုဒ်စနစ် သုံးနိုင်ရန် စီစဉ်နေ
bullet
မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို စည်ပင်က လွှဲပြောင်းရယူပြီး အဆင့်မြှင့်ဆောင်ရွက်မည်
bullet
၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ- ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ငါးနှစ်တာကာလအတွင်း ကုန်သွယ်မှု နှစ်ဆကျော် ပိုမိုကုန်သွယ်နိုင်
bullet
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စစ်တမ်းအရ အင်တာနက် အသုံးပြုနိုင်သူ နှစ်သိန်းကျော်သာ ရှိဟုဆို
bullet
အေတီအမ်စနစ် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အသုံးပြုရန် စီစဉ်နေသော်လည်း မည်သည့်ဘဏ်မျှ သုံးစွဲခွင့် မရရှိသေး
bullet
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေက ‘မြန်မာနှင့်အာဆီယံ’ ခေါင်းစဉ်ဖြင့် ဟောပြောမည်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved