ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဒေသနှင့် ကက်ရ်မီးယားဒေသများတွင် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရေလျှံမှုများ ဖြစ်ပွား၍ လူပေါင်း ၁၁၃ ဦးသေဆုံးပြီးလျှင် ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။ အဆိုးဝါးဆုံး ရေဘေးဒုက္ခ ကြုံရသည့်ဒေသများမှာ ဆွက်နှင့် မာလာကန်ခရိုင် တို့ဖြစ်ကြသည်။ မာလာကန်တွင် လူ ၆၀ ခန့် သေဆုံး၍ ဆွက်ဒေသသို့သွားသော လမ်းပေါ်ရှိ တံတားအများအပြား ပျက်စီးခဲ့သဖြင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။ ပက်ရှာဝါမြို့တွင်လူ ၃ သောင်းခန့် နေရာရွှေ့ပြောင်း ပေးခဲ့ရသည်။ နေအိမ်အများအပြား နှင့်ဈေးဆိုင်များ ရေထဲမျောပါခဲ့သည်။ သီးနှံစိုက်ခင်းဟက်တာ ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ ကက်ရ်မီးယားတွင် မြစ်များအားလုံး ရေလျှံလျက်ရှိသည်။ (AFP)