ယီမင်နိုင်ငံတွင် အခြေစိုက်သော အယ်လ်ကေးဒါးဂိုဏ်းခွဲသည် နိုင်ငံ၏ တောင်ပိုင်းတွင် တိုက်ခိုက်ရေး သမားပေါင်း ၁၂၀၀၀ ပါဝင်သည့် အကြမ်းဖက် တပ်ဖွဲ့တစ်ခုကို ထူထောင်ထားရှိသည်ဟု ကြာသပတေးနေ့က အင်တာနက်ပေါ်ရှိ ဖိုရမ်တစ်ခုတွင် ဖော်ပြပါရှိသည်။ အကြမ်းဖက်သမားများသည် ဧဒင်နှင့် အဘယံဒေသများတွင် ဖွဲ့စည်းထားရှိသည်ဟု အာရေဗျကျွန်းဆွယ်ဆိုင်ရာ အယ်လ်ကေးဒါးတပ်မှူး ဆာအစ်အယ်အွန်ဒါက ထုတ်ဖော်ပြောဆိုသည်။ မကြာခင်ကာလ များအတွင်း၌ အနောက်နိုင်ငံနှင့် ပြည်တွင်းပစ်မှတ်များကို တိုက်ခိုက်ခဲ့သော လုပ်ရပ်များသည် ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယီမင်အစိုးရတပ်ဖွဲ့များသည် အမေရိကန်ဦးဆောင်သော ဘာသာရေး စစ်ပွဲတွင် ပူးပေါင်းပါဝင်သဖြင့် အစိုးရတပ်ဖွဲ့များကို ဦးတည်တိုက်ခိုက်သွားမည်ဟု ၄င်းတို့က ထုတ်ဖော်ပြောဆိုသည်။ (ဆင်ဟွာ)