Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ဆေးရုံများတွင် သွေးလိုအပ်ချက်
များလာ၍ မိုဘိုင်းကားကြီးများဖြင့် အလှူခံမည်


14/May/2015

E-Mail this article Printable Version
ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံကြီးများတွင် လူနာများပြားလာသဖြင့် မူလသွေးအလှူရှင်များ အပြင် တစ်ပတ်လျှင် သွေးအသစ် ပုလင်း ၄၅၀ ခန့် လိုအပ်ကြောင်း အမျိုးသားသွေးဘဏ်မှ သတင်း ရရှိသည်။ သွေးလိုအပ်မှုမှာ ဆေးရုံတစ်ရုံလျှင် ပျမ်းမျှ တစ်နေ့လျှင် သွေးပုလင်း ၂၀၀ မှ ၂၅၀ ကြားနှင့် တစ်ပတ်လျှင် သွေးပုလင်း ၁၅၀၀ ခန့် လိုအပ်နေသဖြင့် ယခင် ရှိနေသော စေတနာ့သွေးလှူရှင်များဖြင့် မလုံလောက်တော့ဘဲ သွေးလိုအပ်မှု များလာခြင်း ဖြစ်သည်ဟု အမျိုးသားသွေးဘဏ် တာဝန်ခံ ပါမောက္ခ ဒေါက်တာ သီတာအောင်က ပြောသည်။ သွေးလိုအပ်မှု များပြားနေခြင်းကြောင့် ပထမဦးဆုံးအကြိမ် အဖြစ် မိုဘိုင်း(ရွေ့လျား) ကားကြီးများဖြင့် သွေးအလှူခံ သွားမည်ဟု အမျိုးသားသွေးဘဏ် တာဝန်ခံ ပါမောက္ခ ဒေါက်တာ သီတာအောင်က ပြောသည်။ “အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းသွားတဲ့အခါမှာ လူနာတွေက ဆေးရုံကို အရမ်းဝင်လာတယ်။ ၀င်လာတဲ့နှုန်း များတဲ့အတွက် ထောက်ရတဲ့နှုန်းက များသွားတယ်။ ဒါကြောင့် ဟိုတုန်းက ရှိပြီးသား သွေးအလှူရှင်တွေနဲ့ မရတော့ဘူး။ အသစ်အလှူရှင် ၀င်မှကို အဆင်ပြေတော့မှာ။ တစ်ပတ်ကို သွေးလှူရှင် အသစ် ၄၅၀ လောက် လိုနေတယ်။ မေလကုန်ရင်တော့ မိုဘိုင်းကားကြီးတွေ ရောက်ပါပြီ။ ရောက်လာရင် အဲဒီကားကြီးတွေနဲ့ ဘယ်လိုနေရာတွေ သွားမယ်ဆိုတာ ရွေးပြီးတော့ သွေးအလှူခံမယ်။ ပထမဦးဆုံး လုပ်မှာပါ” ဟု ဒေါက်တာသီတာအောင်က ပြောသည်။ မိုဘိုင်းကားများဖြင့် ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံများ၊ တက္ကသိုလ်များတွင် သွားရောက် အလှူခံရန် စီစဉ်ထားသည်ဟု ဆိုသည်။ လက်ရှိတွင် စေတနာသွေးအလှူရှင် အဖွဲ့အစည်းပေါင်း ၁၈၀ ခန့် သွေးလာရောက် လှူဒါန်းမှုများ ရှိသော်လည်း သွေးလိုအပ် များပြားနေမှုကြောင့် ယခုကဲ့သို့ သွေးအလှူခံ ထွက်ရန် စီစဉ်ရခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းရှိ ဆေးရုံများတွင် သွေးလိုအပ်မှုမှာ ၂၀၁၃ ခုနှစ်က သွေးလုံးရေ သုံးသောင်းခွဲ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ခြောက်သောင်းထိ မြင့်တက်လာပြီး ယခု ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ သုံးလတာအတွင်း ရန်ကုန်ဆေးရုံကြီး တစ်ခုတည်းတွင် သွေးအလုံးရေ ၂၂၀၀၀ လိုအပ်မှုရှိကြောင်း ရန်ကုန်ဆေးရုံကြီးမှ စုံစမ်း သိရှိရသည်။ သွေးလှူဒါန်းလိုသူများ အနေဖြင့် အသက် ၁၈ နှစ် ပြည့်ပြီး ကိုယ်အလေးချိန် ပေါင် ၁၀၀ ကျော်သူ၊ မိမိကိုယ်ကို ကျန်းမာသည်ဟု ယူဆပြီး သန့်ရှင်းသော၊ အန္တရာယ်ကင်းသော လူမှုပတ်ဝန်းကျင်တွင် နေထိုင်သူများမှာ ရန်ကုန်ဆေးရုံကြီးရှိ အမျိုးသားသွေးဘဏ်သို့ သွေးလာရောက် လှူဒါန်းနိုင်ကြောင်း ဒေါက်တာသီတာအောင်က ပြောသည်။ လက်ရှိတွင် အမျိုးသားသွေးဘဏ်မှ ရရှိလာသည့် သွေးများကို ရန်ကုန်ဆေးရုံကြီး၊ ဂျပန်ဆေးရုံနှင့် ခုတင်ငါးရာဆံ့ အထူးကုဆေးရုံကြီးများကို ဦးစားပေး အနေဖြင့် သွေးပေးဝေနေရပြီး ယင်းဆေးရုံကြီးများ၏ သွေးလိုအပ်ချက်မှာ တစ်နေ့လျှင် သွေးအလုံးရေ ၂၅၀ ခန့်ရှိကြောင်း အမျိုးသားသွေးဘဏ်၏ စာရင်ဇယားများအရ သိရသည်။ (7 Day News ၊ မေ ၁၃၊ ၂၀၁၅)

E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး
bullet
ဝါရှင်တန်ဒီစီ ထရန့်ဟိုတယ်အနီး၌ လက်နက်တင်ကားတစ်စီး ရှာဖွေတွေ့ရှိ
bullet
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်
bullet
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်
bullet
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး
bullet
ပါကစ္စတန်တွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကြောင့် လူ ၁၁ ဦးသေဆုံး
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved