Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ခရုသင်း၊ သမင်ဖြူ အရေပြား
ရောဂါကို မြန်မာတွင် ကုသနိုင်ပြီ


20/May/2015

E-Mail this article Printable Version
ခရုသင်း၊ သမင်ဖြူ  အရေပြားရောဂါကို ရာသက်ပန်ပျောက်ကင်းအောင် ကုသနိုင်မည့် ကုထုံးသစ်ဖြင့် မြန်မာနိုင်ငံတွင် ကုသနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုထုံးမှာ ဆံသားမှ ဆဲလ်များဖြင့် ကုသခြင်းဖြစ်ပြီး ကမ္ဘာတွင်လည်း ယခုလက်ရှိတွင် နောက်ဆုံး တီထွင်ထားသည့် ကုထုံးတစ်ခု ဖြစ်ကြောင်း အရေပြားနှင့် ကာလသားရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စန်းက ပြောသည်။ “ဒီကုထုံးဟာဆိုရင် ဆံပင်ကို နုတ်ပြီးတော့ ဆံပင်အနက်ရောင်မှာ ပါတဲ့ ရောင်ခြည်ဆဲလ်တွေနဲ့ ခရုသင်း (သမင်ဖြူ) နေရာလေးတွေကို ကပ်ပြီး ကုသပေးတာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။ ခရုသင်း၊ သမင်ဖြူဆိုသည်မှာ အရေပြားပေါ်တွင် သဘာဝအရောင်အချို့ (အမည်းရောင်ခြယ်ဆဲလ်များ) ချို့တဲ့သွားသော နာတာရှည် အရေပြားရောဂါတစ်မျိုး ဖြစ်သည့် အတွက်ကြောင့် အရေပြားပေါ်တွင် နို့နှစ်ရောင် (သို့မဟုတ်) အဖြူရောင်အကွက်များ ပေါ်လာခြင်း ဖြစ်သည်။ ခရုသင်းရောဂါဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အများစုမှာ လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက် ချို့ယွင်းခြင်းနှင့် မျိုးရိုးဗီဇ တို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ဖြစ်ရသည့် တခြားသော အကြောင်းအရာများမှာ စိတ်ဖိစီးမှု များခြင်း၊ Chemical Agents နှင့် ထိတွေ့မှုများ၊ ဗိုင်းရပ်စ်ပိုးမွှားများ အစရှိသည် တို့ကြောင့်လည်း ဖြစ်တတ်ကြောင်း သိရသည်။ “ဘေးထွက် ဆိုးကျိုး အနေနဲ့တော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ တစ်ပတ်တိတိ ဆေးရုံမှာ ထားတယ်။ မျက်စိအောက်မှာပဲ ထားတယ်။ နေ့တိုင်းလည်း ကာကွယ်ဆေးထိုးရတယ်။ ငါးရက်မြောက်ရင် ပတ်တီးဖြေရတယ်။ ဘာဆိုးကျိုးမှတော့ မရှိဘူး” ဟု ဒေါက်တာမြင့်မြင့်စန်းက ဆက်လက်ပြောသည်။ ယင်းကုထုံးသည် လူနာတစ်ဦးနှင့် တစ်ဦး ပျောက်ကင်းသည့်အချိန် ကွာခြားတတ်ပြီး တချို့လူနာများသည် အချိန်တိုအတွင်း ပျောက်ကင်း တတ်သော်လည်း တချို့လူနာများသည် အနည်းငယ် ကြာတတ်ကြောင်းနှင့် ယခင်က အင်မတန် ကုသရ ခက်ခဲသည့် နှုတ်ခမ်း၊ လက်ထိပ်၊ ခြေထိပ်၊ ရင်သား စသည့် နေရာများရှိ ခရုသင်းများကိုပါ ကုသပျောက်ကင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ “အရေးအကြီးဆုံးကတော့ ခွဲစိတ်ကုသ ပြီးတဲ့အချိန်မှာ ငြိမ်ငြိမ်လေး နေရတယ်။ ကျွန်မတို့က ဆဲလ်လေးတွေ ယူပြီးတော့ ဖြစ်တဲ့နေရာမှာ သွားကပ်တာ ဖြစ်တဲ့အတွက် လက်မှာ ကပ်ရင်လည်း လက်ကို ငြိမ်ငြိမ်လေး ထားရတယ်။ မျက်နှာဆိုရင်လည်း မျက်နှာကို ငြိမ်ငြိမ်လေး ထားရတယ်။ ဘယ်နေရာမှာပဲ ပြန်ကပ်ကပ် ကပ်လိုက်တဲ့နေရာ မလှုပ်ဖို့က အရေးကြီးပါတယ်” ဟု ယင်းက ထပ်မံပြောသည်။ အထူးသဖြင့် ၄၈ နာရီ အတွင်း မလှုပ်မိရန် အလွန်အရေးကြီးပြီး ယင်း ၄၈ နာရီအတွင်း လှုပ်ရှားမိပါက ဆဲလ်နေရာများ ရွေ့သွားခြင်း ပျောက်သွားခြင်းများ ဖြစ်ပေါ်လာပါက မကောင်းမွန်ကြောင်းနှင့် ယခုကဲ့သို့ နောက်ဆုံးပေါ် နည်းပညာဖြင့် ခရုသင်း (သမင်ဖြူ) ရောဂါကို ကုသလိုက်ခြင်းဖြင့် နဂို အသားအရေအတိုင်း ပြန်လည် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ “နဂို အသားအရေအတိုင်း ပြန်ဖြစ်သွားတယ်။ တချို့ကျတော့လည်း ပျောက်ခါစမှာ နည်းနည်း ပိုရင့်တာပေါ့ (နည်းနည်းပိုညိုခြင်း)၊ နောက်ပိုင်းကျရင်တော့ သဘာဝအတိုင်းပဲ ပြန်ဖြစ်ပါတယ်။ ကျွန်မလည်း အမြဲပြောပါတယ်။ အနှစ် ၂၀၊ ၃၀ ခံစားခဲ့ရတာကိုတော့ နှစ်ရက်၊ သုံးရက်လောက်နဲ့တော့ ပျောက်မှာ မဟုတ်ဘူး။ အချိန်နည်းနည်းတော့ ပေးဖို့၊ စိတ်ရှည်ဖို့တော့ လိုပါတယ်။ ဒီလူနာတွေကလည်း စိတ်ရှည်ကြပါတယ်” ဟု ယင်းက ဆိုသည်။ ပင်ကိုယ် အသားအရေ အတိုင်း ပြန်လည် ဖြစ်စေရန်အတွက် တစ်လမှ ခြောက်လအတွင်း အချိန်ကြာမြင့် တတ်သော်လည်း ယင်းသို့ ခွဲစိတ်ကုသပြီး ပိုမြန်လိုပါက တစ်လကျော်ခန့်တွင် လေဆာရောင်ခြည်ဖြင့် တွဲပစ်လိုက်လျှင် နှစ်လ၊ သုံးလအတွင်း ပင်ကိုယ် သဘာဝအတိုင်း အသားအရေကို ပြန်လည် ရရှိစေနိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ ကုထုံးကို မြန်မာနိုင်ငံရှိ KEMBANGAN UHC ဆေးရုံတွင် ကုသနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Democracy Today၊ မေ ၁၉၊ ၂၀၁၅)

E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး
bullet
ဝါရှင်တန်ဒီစီ ထရန့်ဟိုတယ်အနီး၌ လက်နက်တင်ကားတစ်စီး ရှာဖွေတွေ့ရှိ
bullet
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်
bullet
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်
bullet
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး
bullet
ပါကစ္စတန်တွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကြောင့် လူ ၁၁ ဦးသေဆုံး
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved