Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
သားအိမ်ခေါင်းကင်ဆာကို ကြိုတင် စမ်းသပ်စစ်ဆေး ကုသနိုင်ပြီ

22/May/2015

E-Mail this article Printable Version
မြန်မာနိုင်ငံတွင် သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သက်ပြီး ကမ္ဘာ့နည်းတူ နောက်ဆုံးပေါ် လွယ်ကူသည့် နည်းပညာဖြင့် ကြိုတင် စမ်းသပ်စစ်ဆေး ကုသနိုင်ပြီ ဖြစ်သော်လည်း ပြည်သူများ အနေဖြင့် ယင်း ၀န်ဆောင်မှုကို သိရှိမှု၊ လက်ခံ ကုသမှု နည်းပါးနေသေးကြောင်း ဗဟိုအမျိုးသမီးဆေးရုံမှ စုံစမ်း သိရသည်။ အဆိုပါ နောက်ဆုံးပေါ် နည်းပညာကို ကမ္ဘာတစ်ဝန်း၌ တွင်ကျယ်စွာ အသုံးပြုနေကြောင်းနှင့် မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ကုသမှု နောက်ဆုံးပေါ် နည်းပညာ ပေါ်ပေါက်နေသော်လည်း ဆေးပညာရှင်များပင်လျှင် မသိရှိ ကြသေးကြောင်း သိရသည်။ “အရင်တုန်းကဆိုရင် သားအိမ်ခေါင်း ကင်ဆာ ရှိမရှိ စစ်ဆေးဖို့အတွက် သားအိမ် အသားစယူပြီး ရောဂါဗေဒ ပညာရှင်က စစ်ဆေးရတယ်။ အခုဆိုရင် သားဖွားဆရာမတောင်မှ သားအိမ်ခေါင်းကို ရှာလကာရည်နဲ့ တို့ကြည့်ရင် ကင်ဆာ ဖြစ်လာနိုင်တဲ့ အရာတွေ ရှိမရှိ ကြည့်လို့ ရပြီဆိုတော့ နည်းပညာပိုင်းက တော်တော်လေး တိုးတက်လာပါတယ်။ နည်းပညာပိုင်း ဆိုပေမယ့် စက်ပစ္စည်း ကိရိယာပိုင်း တိုးတက်တာထက် လွယ်လွယ်ကူကူနဲ့ နေရာတိုင်းမှာ ဆိုသလို ကုသလို့ ရနေပါပြီ။ ဒီထက်ပိုပြီး တိုးတက်လာမယ့် အလားအလာ ရှိပါတယ်။ ဒါကို ဆေးပညာရှင်ဘက်က အသုံးချမှုနဲ့ လူထုတွေ အနေနဲ့ကလည်း ဒီဝန်ဆောင်မှုကို လက်ခံရယူမှု ပြုဖို့ လိုအပ်ပါတယ်။ အခုဟာက ပြည်သူတွေ အနေနဲ့ လာရောက် စမ်းသပ်မှုတွေလည်း အရမ်း နည်းနေသေးတယ်။ စမ်းသပ်ခကလည်း အရမ်း နည်းတဲ့အတွက် ဘယ်သူမဆို စမ်းသပ်နိုင်ပါတယ်” ဟု လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောကြားသည်။ “ခုခေတ်က မနာမကျင်ဘဲ ကာကွယ်စစ်ဆေးပြီး ကုသလို့ရတဲ့ နည်းပညာတွေ ပေါ်ပေါက်လာတာ အရမ်းကောင်းပါတယ်။ အရင် သုံးနှစ်လောက်က သားအိမ်ခေါင်း ကင်ဆာနဲ့ ပတ်သက်ပြီး ကုသဖို့ နည်းပညာတွေ မတိုးတက်တော့ ရောဂါဖြစ်ရင် သေဖို့ ရာခိုင်နှုန်းက များတယ်။ ကျွန်မအစ်မဆိုရင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်နေတာကို မသိဘဲ ဆေးရုံ သွားပြတော့မှ နောက်ဆုံးအဆင့် ဖြစ်နေပြီဆိုတာ သိရသည်။ အဲဒီအချိန်မှာ ဆေးကုတော့ တစ်နှစ်တောင် မနေခဲ့ရပါဘူး။ ဆုံးသွားပါတယ်။ ခုဆိုရင် ရောဂါမဖြစ်ခင် ကြိုတင် စစ်ဆေးမှုတွေ လုပ်တာကလည်း မနာမကျင်ဘဲ လွယ်လွယ်ကူကူနဲ့ လုပ်လို့ရတယ်ဆိုတာ အတော်ကို ကောင်းပါတယ်။ စစ်ဆေးလို့ ရောဂါရှိနေမှန်း သိခဲ့ရင်လည်း အချိန်မီ ကုသလို့ ရတာပေါ့” ဟု လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ မာလာမြိုင် ၂ လမ်းတွင် နေထိုင်သည့်သူ တစ်ဦးမှ ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အမျိုးသမီး ၆၀၀၀ ခန့်မှာ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနေပြီး ၃၀၀၀ ကျော်ခန့်မှာ သေဆုံးနေပြီး နှစ်စဉ် ရောဂါဖြစ်နှုန်းနှင့် သေဆုံးမှု ပိုမို များပြားလာကြောင်း WHO စစ်တမ်းများအရ သိရသည်။ ကျန်းမာရေး ဦးစီးဌာန အနေဖြင့်လည်း သားအိမ်ခေါင်းကင်ဆာ ရှိမရှိ ရောဂါရှာဖွေမှုနှင့် ကာကွယ်ဆေးများကို ဗဟိုအမျိုးသမီး ဆေးရုံတွင် အမြင့်ဆုံး ကုသမှုပေးနေပြီး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း များတွင်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ဗဟိုအမျိုးသမီး ဆေးရုံမှ စုံစမ်းသိရှိရသည်။ (News Watch၊ မေ ၂၆၊ ၂၀၁၅)


E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး
bullet
ဝါရှင်တန်ဒီစီ ထရန့်ဟိုတယ်အနီး၌ လက်နက်တင်ကားတစ်စီး ရှာဖွေတွေ့ရှိ
bullet
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်
bullet
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်
bullet
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး
bullet
ပါကစ္စတန်တွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကြောင့် လူ ၁၁ ဦးသေဆုံး
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved