Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး


25/Apr/2017

E-Mail this article Printable Version
ဆိုမာလီယာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပန့်တ်လန့်ဒ်ဒေသတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဆိုမာလီယာ တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဆိုမာလီယာ အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။ မြေမြှုပ်မိုင်း ပေါက်ကွဲမှုသည် ပန့်တ်လန့်ဒ်ဒေသ ဗာရီပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသတွင် အယ်လ်ရှာဘတ် အကြမ်းဖက် အဖွဲ့အစည်းကို တိုက်ခိုက်နေသော အစိုးရ တပ်ဖွဲ့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အာဏာပိုင်များက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို အယ်လ်ရှာဘတ် အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။ အယ်လ်ရှာဘတ် အဖွဲ့အစည်းသည် ဆိုမာလီယာနိုင်ငံတွင် အခြေစိုက်ကာ အယ်ခိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းနှင့် အဆက်အသွယ် ရှိသည့် အစွန်းရောက် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။ ၄င်းအဖွဲ့သည် လတ်တလောတွင် ဆိုမာလီယာနိုင်ငံနှင့် အနီးအနားရှိ နိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။ အယ်လ်ရှာဘတ် အကြမ်းဖက် အဖွဲ့အစည်းကို ရှင်းလင်း သုတ်သင်ရန်အတွက် ဆိုမာလီယာ လုံခြုံရေး တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ဆင်ရေးများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (ဆင်ဟွာ)

E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး
bullet
ဝါရှင်တန်ဒီစီ ထရန့်ဟိုတယ်အနီး၌ လက်နက်တင်ကားတစ်စီး ရှာဖွေတွေ့ရှိ
bullet
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်
bullet
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်
bullet
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး
bullet
ပါကစ္စတန်တွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကြောင့် လူ ၁၁ ဦးသေဆုံး
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved