Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
အမြန်လမ်းတွင် ခရီးသည်များ ထိုင်ခုံခါးပတ် မပတ်ပါက အရေးယူမည်

15/May/2017

E-Mail this article Printable Version
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ဖြတ်သန်းမောင်းနှင်သော ခရီးသည်တင် ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်ပေါ်တွင် လိုက်ပါသော ယာဉ်မောင်းနှင့် ခရီးသည်များကို ထိုင်ခုံခါးပတ်များ မပတ်ပါက ဇွန်လ ၁ ရက်မှ စတင်ကာ အမြန်လမ်းမကြီး ဥပဒေအတိုင်း ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ရုံး (နေပြည်တော်) မှ ရဲမှူးတစ်ဦးက ပြောကြားသည်။ အမြန်လမ်း တစ်လျှောက်တွင် မောင်းနှင်သော မော်တော်ယာဉ်များကို ပညာပေးကာလ အဖြစ်မေလ ၅ ရက်မှ စတင်ကာ လုပ်ဆောင်နေကြောင်း၊ ပညာပေး ကာလပြီးစီးပါက အရေးယူမှုကာလ အဖြစ်သတ်မှတ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ အမြန်လမ်းတွင် သတ်မှတ် မိုင်နှုန်းထက် ပိုမောင်သူများကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ဖမ်းဆီးလျက်ရှိပြီး သက်ဆိုင်ရာ နယ်မြေ အလိုက်ရှိ တရားရုံးများတွင် ဒဏ်ကြေးကျပ် ငါးသောင်းဒဏ်ရိုက်ကြောင်း၊ ထိုင်ခုံခါးပတ် မ၀တ်သူများကို မည်ကဲ့သို့ အရေးယူမည်ကိုမူ ရဲမှူးက တိကျစွာ ပြောကြားခြင်း မပြုပေ။ အမြန်လမ်းတွင် ခရီးသည် ယာဉ်နှင့် ကုန်တင်ယာဉ်များကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်ကာ အရက်သောက်စားမှု ရှိမရှိ စမ်းသပ်ကရိယာများဖြင့် စစ်ဆေးခဲ့ပြီး သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသူများကို ဖမ်းဆီးအရေးယူ ခဲ့ကြောင်း၊ ယင်းနောက် ထိုင်ခုံခါးပတ် မပတ်သည့် မော်တော်ယာဉ်များကို အရေးယူမည် ဆိုပါက ကြိုဆိုရမည် ဖြစ်သော်လည်း မော်တော်ယာဉ်လိုင်းများ အနေနှင့် အခက်အခဲ ရှိနိုင်ကြောင်း ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်မှ မန္တလေးတိုင်း ဒေသကြီးအထိ ၃၆၆ မိုင်ရှည်လျားသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် နေ့စဉ်နီးပါး ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေပြီး စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ တစ်နှစ်လျှင် လူသေဆုံးမှု ၁၅၀ ခန့်ရှိပြီး ဒဏ်ရာရ ရှိသူဦးရေ ၁၃၀၀ နီးပါး ရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ၏ ထုတ်ပြန်ချက်အရ သိရကြောင်း ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved