Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
စတုတ္ထမြောက် အော်ပရေတာက 2G, 3G, 4G သုံးမျိုးစလုံးဖြင့် ဈေးကွက်
ထဲသို့ ၀င်ရောက်မည်


15/May/2017

E-Mail this article Printable Version
ပြည်တွင်း ဈေးကွက်သို့ မကြာခင် ၀င်ရောက်လာမည့် စတုတ္ထမြောက် အော်ပရေတာ MyTel အနေဖြင့် 2G, 3G, 4G သုံးမျိုး စလုံးဖြင့် ဈေးကွက်သို့ ၀င်ရောက်မည် ဖြစ်ကြောင်း သိရသည်။ အထက်ပါ ကုမ္ပဏီ၏ Chief External Relation Officer ဦးဇော်မင်းဦးက “အခုမှန်းထားတာက 2G, 3G, 4G တစ်ပြိုင်တည်း စသွားမယ်၊ 4G အတွက်လည်း ကျွန်တော်တို့ ဟိုတလောက Regulator ကနေပြီးတော့ ခေါ်တော့ယူပါရစေ ဆိုပြီးတော့ လျှောက်ပြီးသွားပါပြီ။ စတင် မိတ်ဆက်တာနဲ့ 2G, 3G, 4G တစ်ပြိုင်တည်း စတင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ မြန်မာနိုင်ငံတွင် MPT, Ooredoo, Telenor စသည့် အော်ပရေတာများ ပေါ်ထွက်လာပြီး စတုတ္ထမြောက် အော်ပရေတာ အဖြစ် ပေါ်ထွက်မည့် "MyTel" အော်ပရေတာသည် ၂၀၁၈ တွင် မြန်မာပြည်၏ ဈေးကွက်ထဲသို့ ၀င်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။ MyTel အနေဖြင့် လက်ရှိတွင် ၀န်ထမ်းပေါင်း ၁၀၀ ကျော်ခန့်ထားပြီး ဖြစ်ကြောင်း သိရသည်။ ဖုန်းပြောဆိုခ နှုန်းထားကို အတိအကျ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ဆင်းမ်ကတ် ဈေးနှုန်းကို အသက်သာဆုံး နှုန်းထားဖြင့် သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း နှင့် ဖုန်းနံပါတ်များအား ၆ ဂဏန်းဖြင့် စတင်သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ MyTel ကွန်ယက်တွင် MEC ကွန်ရက်ကို အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ဆွေးနွေး နေသည်ဟု ဆက်လက် ပြောကြားသည်။ လက်ရှိတွင် ဆောက်လုပ်ရေး စတင်ရန် လိုအပ်သော နေရာများတွင် မြေနေရာ ငှားရမ်းမှုများ၊ တာဝါ တည်ဆောက် ခွင့်များ၊ ဖိုက်ဘာ တည်ဆောက်ခြင်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ လုပ်ဆောင်လျက် ရှိကြောင်း ၄င်းကပြောသည်။ ဈေးကွက်ထဲရှိနှင့်ပြီးသား အော်ပရေတာနှင့် ယှဉ်ပြိုင်သည့်အခါ ၀န်ဆောင်မှု ကောင်းပြီး ကွန်ရက်ပိုင်း မြန်ဆန်မှုတို့က ဖောက်သည်များအပေါ် မည်မျှ သက်ရောက်မှု ရရှိမည်လဲဆိုသည့် အချက်မှာ အဓိကဖြစ်ကြောင်း ဦးဇော်မင်းဦးက ဆိုသည်။ “မူလက ပြောထားတဲ့ အတိုင်းပဲ ၂၀၁၈ ခုနှစ် အစပိုင်းလောက်မှာ ၀န်ဆောင်မှု ပေးသွားမယ်။ တစ်မိနစ် ကျသင့်တဲ့ ဈေးနှုန်းကိုတော့ ညှိနေတုန်းပဲ ခင်ဗျ။ လက်ရှိယူဆ ထားတာကတော့ တစ်မိနစ် ပြောခဈေးနှုန်းတွေ ဟာများနေတယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဒါကိုလျှော့ချင်တယ်။ ဒါကလည်း Regulator နဲ့ ညှိနှိုင်းလုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိနေတယ်။ Regulator ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။ ကွန်ရက် တည်ဆောက်မှု အပိုင်း၌ မြို့တွင် ၉၅ ရာခိုင်နှုန်း၊ ကျေးလက်ဒေသများတွင် ၈၅ ရာခိုင်နှုန်း တည်ဆောက်လျက် ရှိကြောင်း ကွန်ရက်စပြီး တည်ဆောက်ချိန် ကတည်းက ကျေးလက်ရော မြို့ပြပါမျှပြီး တည်ဆောက်နေကြောင်း ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့ထုတ် Internet Journal တွင်ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved