Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ရန်ကုန်တိုင်း အစိုးရ၀ယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ ကို ကျောင်းကား ပြေးဆွဲမည့်သူများ ပြန်လည်ဝယ်ယူမည် ဆိုပါက အခွန်သက်သာမည့်အပြင် ဘဏ်များနှင့် ချိတ်ဆက်ပြီး ချေးငွေဖြင့် ၀ယ်ယူနိုင်ဟုသိရ

15/May/2017

E-Mail this article Printable Version
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ၀ယ်ယူထားသည့် ကျောင်းကားအစီး (၂၀၀) ကို ကျောင်းကား ပြေးဆွဲမည့်သူများ ပြန်လည် ၀ယ်ယူမည် ဆိုပါက အခွန်သက်သာမည့်အပြင် ဘဏ်များနှင့် ချိတ်ဆက်ပြီး ချေးငွေဖြင့် ၀ယ်ယူမှု ပြုနိုင်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ကြောင်း ကျောက်တံတား မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။ “ကျောင်းကားတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရ G to G ၀ယ်ထားတဲ့ အတွက် အခွန်အခ သက်သာထားပြီးသား။ အဲဒီတော့ သူတို့ဆီက ကားတွေကို လိုချင်ရင် ၀ယ်လို့ရတယ်။ မ၀ယ်ချင်ဘူး ဆိုရင်လည်း ရတယ်။ အခြားထက် စာရင် G to G ဆိုတော့ သက်သာတယ်။ ပြီးတော့ လိုအပ်ရင် ဘဏ်တွေ ဘာတွေနဲ့ ချိတ်ဆက်ပြီး ၀င်ချေးတာမျိုး လည်းလုပ်ပေးမယ် ဆိုပြီးပြောတယ်” ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။ ယခုနှစ် ကျောင်းဖွင့် ရာသီတွင် စတင်တော့မည့် ရန်ကုန်ကျောင်းကား စနစ်အတွင်း ယခင်ပြေးဆွဲသည့် ကားများ ဆက်လက် ပြေးဆွဲမည် ဆိုပါက YRTS သို့ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျောင်းကားကိစ္စနှင့် ပတ်သက်ပြီး မေ ၁၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ လွှတ်တော် ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင်အစိုးရမှ တင်သွင်းမည့် ကျောင်းကားအစီး ၂၀၀ သည် ယခင်က ကျောင်းပေါင်း ၂၆ ကျောင်း အတွက် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် ကျောင်းပေါင်း ၂၂ ကျောင်းအတွက်သာ အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀ယ်ယူထားသည့် အဆိုပါ ကျောင်းကားအစီး ၂၀၀ သည် ယခုလအတွင်း ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ အစိုးရမှ ၀ယ်ယူမည့် ကျောင်းကားအစီး ၂၀၀ သည် Show Room တွင် ၀ယ်ယူမည် ဆိုပါက တစ်စီးလျှင် ဒေါ်လာ ၄၀၀၀၀ ခန့်ရှိ မည်ဖြစ်ပြီး အစိုးရမှ ၀ယ်ယူသဖြင့် တစ်စီးလျှင် ဒေါ်လာ ၁၀၀၀၀ ခန့် သက်သာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိပြေး ဆွဲနေသည့် ကျောင်းကားခ ဈေးနှုန်းများ အနေဖြင့် ခရီးအကွာအဝေး၊ ကျောင်းနှင့် နေထိုင်သည့် မြို့နယ် အနီးအဝေးအပေါ် မူတည်ပြီး ကျပ်နှစ်သောင်းမှ သုံးသောင်း၊ လေးသောင်းအထိ အမြင့်ဆုံး ကုန်ကျကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။ ကျောင်းကားများ အဆင့်မြှင့်တင်ရေးနှင့် စနစ်တကျ ရှိစေရေးအတွက် ဆောင်ရွက်ခဲ့သည်မှာ ယခုအစိုးရ လက်ထက်တွင်သာ မဟုတ်ဘဲ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်း ဆွေးနွေးခဲ့ကြောင်း ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved