Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ပုဂ္ဂလိက ကုမ္ပဏီမှ ၀ယ်ယူထားသော ဘတ်စ်ကားသစ်များ YBS ယာဉ်လိုင်း
များတွင် ထည့်သွင်း ပြေးဆွဲနိုင်တော့မည်


15/May/2017

E-Mail this article Printable Version
 ပုဂ္ဂလိက ကုမ္ပဏီများမှ ၀ယ်ယူထားသော ကားများနှင့် အစိုးရချင်း ချိတ်ဆက်မှုဖြင့် ၀ယ်ယူထားသော ဘတ်စ်ကားသစ်များ ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများတွင် မကြာမီ ထည့်သွင်း ပြေးဆွဲနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ထံမှ သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တရုတ်နိုင်ငံ နှင့် အစိုးရချင်း ချိတ်ဆက်ကာ ၀ယ်ယူခဲ့သည့် ဘတ်စ်စကားအစီး (၁၀၀၀) အနက် Ankai ကုမ္ပဏီမှ အစီး ၅၀၀ ကို အဆိုပါ ကုမ္ပဏီမှ စတင်အပ်နှံခြင်း အစီအစဉ်ကို မေလ ၁၂ ရက်က တရုတ်နိုင်ငံရှိ စက်ရုံတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံမှ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့ တက်ရောက် ခဲ့ကြာသည်ဟု တရုတ်ကုမ္ပဏီမှ သတင်းထုတ်ပြန် ခဲ့သည်။ အဆိုပါ ဘတ်စ်ကား သစ်များကို မေ ၁၃ တွင် သင်္ဘောတင်၍ ရန်ကုန်မြို့သို့ သယ်ဆောင်ရန် ဆောင်ရွက်လျှက် ရှိပြီး ယခုလအတွင်း ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ အလားတူ ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဘက်စုံမြင်ကွင်း ကုမ္ပဏီက ပြည်ပမှ မှာယူတင်သွင်းလာသော ဘတ်စ်ကားအစီး ၁၀၀ ခန့်မှာလည်း ရောက်ရှိလာပြီးဖြစ်ရာ မြို့ပြယာဉ်လိုင်းများတွင် ထည့်သွင်း ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အစိုးရအဖွဲ့က တရုတ်နိုင်ငံမှ ၀ယ်ယူထားသော ဘတ်စ်ကားသစ် အစီး ၁၀၀၀ တွင် Yutoung ကုမ္ပဏီမှ အစီး ၅၀၀၊ Ankai ကုမ္ပဏီမှ အစီး ၅၀၀ ၀ယ်ယူထားခြင်း ဖြစ်ပြီး လက်ရှိတွင် Ankai ကုမ္ပဏီမှ အစီး ၅၀၀ ကို စတင်ပို့ဆောင် နေပြီဖြစ်ကာ ကျန်ကားများလည်း ဆက်လက် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီး အစိုးရ အနေဖြင့် ဘတ်စ်ကားသစ် အစီး ၁၀၀၀ ၀ယ်ယူရန် အဆိုပါ ကုမ္ပဏီ တို့နှင့် ဧပြီ ၁၁ ရက်က စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယာဉ်အစီးရေ လိုအပ်ချက် ဖြစ်ပေါ်နေသော YBS ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး စနစ်တွင် ယာဉ်အသစ်များ အမြန်ဆုံး ဖြည့်ဆည်းနိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်မှုဖြင့် အရေအသွေး၊ ဈေးနှုန်းပိုင်း ဆိုင်ရာတို့အပြင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ရှိနိုင်မည့် ယာဉ်များ ဖြစ်ရန် ညှိနှိုင်းဆောင်ရွက်မှုများ၊ သက်ဆိုင်ရာ ယာဉ်ကျွမ်းကျင် အဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မူလ မျှော်မှန်းထားသည်ထက် အနည်းငယ် နောက်ကျသွားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားထားကြောင်း ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved