Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်

17/May/2017

E-Mail this article Printable Version
ဗီယက်နမ်နိုင်ငံ၌ ဆိုက်ဘာ တိုက်ခိုက်ခံရခြင်းမှ ကြိုတင် ကာကွယ်ထားကြရန် ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ ဗီယက်နမ် ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့က ပြောခဲ့သည်။ နိုင်ငံအတွင်းရှိ ဗဟို အစိုးရ၊ ဝန်ကြီးအဆင့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ခေါင်းဆောင်များ အနေဖြင့် ''ငိုချင်လား'' အမည်ရှိ ဗိုင်းရပ်စ် တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ထားရန်နှင့် ပျံ့နှံ့မှု မရှိစေရေး အတွက် တိုက်တွန်းထားခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း အွန်လိုင်း သတင်းစာ တစ်စောင်တွင် မေ ၁၆ ရက်က ဖော်ပြခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်မှာ အလွန်အန္တရာယ်ရှိသော ဗိုင်းရပ်စ် ဖြစ်ကြောင်း၊ ဆာဗာစနစ် တစ်ခုလုံးရှိ သတင်း အချက်အလက်များကို ခိုးယူနိုင်ကြောင်း၊ ကွန်ပျူတာစနစ် အားနည်းချက်များအလိုက် ကွန်ပျူတာ ဖောက်ထွင်း ဝိဇ္ဇာများက တိုက်ခိုက်နိုင်သလို ဆုံးရှုံးမှု အကျိုးဆက်မှာလည်း ကြီးမားနိုင်ကြောင်း သိရသည်။ ကွန်ပျူတာ စနစ်အား နီးကပ်စွာ စောင့်ကြည့်ပြီး ဖားယားဝေါများဖြင့် ဆာဗာများနှင့် ခေတ်မီကာကွယ်ရေး စနစ်များကို ချိတ်ဆက်ကာ ''ငိုချင်လား'' အမည်ရှိ ဗိုင်းရပ်စ်ကို ကာကွယ်ထား ကြရန် သတိပေးခဲ့သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာ ဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်ကြောင်း အမေရိကန်နှင့် ရုရှားတို့မှ ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီများက ပြောခဲ့သည်။ (အင်န်အိတ်ခ်ျကေ၊ ဆင်ဟွာ)


E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး
bullet
ဝါရှင်တန်ဒီစီ ထရန့်ဟိုတယ်အနီး၌ လက်နက်တင်ကားတစ်စီး ရှာဖွေတွေ့ရှိ
bullet
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်
bullet
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်
bullet
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး
bullet
ပါကစ္စတန်တွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကြောင့် လူ ၁၁ ဦးသေဆုံး
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved