Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်

17/May/2017

E-Mail this article Printable Version
အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်) အစွန်းရောက် လက်နက်ကိုင်များ လက်အောက်သို့ ကျရောက်နေသည့် မိုဆူးမြို့ ပြန်လည် လွတ်မြောက်ရေးအတွက် အီရတ်အစိုးရ တပ်ဖွဲ့များက အဓိက ကျသော ထိုးစစ်ကြီးများ စတင်ဆင်နွှဲ ခဲ့ပြီးနောက် မိုဆူးမြို့အနောက် ဘက်ပိုင်းဒေသ နယ်မြေ၏ ၉ဝ ရာခိုင်နှုန်း နီးပါးကို အစိုးရ တပ်ဖွဲ့များက ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်ပူးတွဲ စစ်ဆင်ရေး လုပ်ငန်းများ ဌာနချုပ်က မေ ၁၆ ရက်တွင် ပြောကြားသည်။ မိုဆူးမြို့ အနောက်ပိုင်း ဒေသနယ်မြေ၏ ၈၉ ဒသမ ၅ ရာခိုင်နှုန်း ကို အိုင်အက်စ် စစ်သွေးကြွများထံမှ ပြန်လည် သိမ်းယူနိုင်ပြီ ဖြစ်ကြောင်း၊ စစ်သွေးကြွများ ထိန်းချုပ်နိုင်သော နယ်မြေမှာ ၁၂ စတုရန်း ကီလိုမီတာမျှသာ ရှိတော့ကြောင်း အီရတ်ပူးတွဲ စစ်ဆင်ရေး လုပ်ငန်းများ ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ရာဟာရာဆောလ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ အိုင်အက်စ် စစ်သွေးကြွများသည် ၂ဝ၁၄ ခုနှစ် ဇွန်လတွင် ဧရိယာ ၁ဝ၈၄ဝ၅ စတုရန်း ကီလိုမီတာရှိသည့် မြေအကျယ်အဝန်းကို သိမ်းယူခဲ့ပြီး ယင်းမှာ အီရတ်နိုင်ငံ အကျယ်အဝန်း၏ ၄ဝ ရာခိုင်နှုန်း ရှိကြောင်း၊ လက်ရှိတွင်မူ အိုင်အက်စ်တို့ သိမ်းယူထားနိုင်သည့် နယ်မြေ အကျယ်အဝန်းမှာ နိုင်ငံတစ်ဝန်းတွင်၂၈၇၅ စတုရန်း ကီလိုမီတာ ခန့်သာရှိရာ နိုင်ငံအကျယ်အဝန်း၏ ၄ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ၎င်းကပြောကြားသည်။ လွန်ခဲ့သည့် အောက်တိုဘာလမှစ၍ အီရတ်အစိုးရ တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အိုင်အက်စ် စစ်သွေးကြွများ သေဆုံးမှုမှာ ယခုအချိန်အထိ ၁၆၄၆၇ ဦး အထိရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ (ဆင်ဟွာ)

E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး
bullet
ဝါရှင်တန်ဒီစီ ထရန့်ဟိုတယ်အနီး၌ လက်နက်တင်ကားတစ်စီး ရှာဖွေတွေ့ရှိ
bullet
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်
bullet
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်
bullet
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး
bullet
ပါကစ္စတန်တွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကြောင့် လူ ၁၁ ဦးသေဆုံး
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved