Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု

24/May/2017

E-Mail this article Printable Version
ယခုနှစ်အတွင်း သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခု၊ တိုးချဲ့ ၁၉ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန် စိစစ်ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။ သောက်ရေသန့် အရည်အသွေးနှင့် ပတ်သက်၍ Standard Plate Count ကို အာဆီယံနိုင်ငံများ နည်းတူပြင်ဆင် လျှော့ပေါ့သတ်မှတ် ခဲ့ခြင်းကြောင့် ထောက်ခံချက် ရရှိရန် ကြန့်ကြာနေသည့် သောက်ရေသန့် လုပ်ငန်းသစ်၊ သက်တမ်းတိုး လုပ်ငန်းအများစု ထုတ်လုပ်ခွင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။ ယခင်က အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသောကြောင့် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် မရသည့် သောက်ရေသန့် လုပ်ငန်းသစ်များနှင့် သက်တမ်းတိုး လုပ်ငန်းများ များစွာရှိ ခဲ့ကြောင်း၊ ထောက်ခံချက် မရသည့် လုပ်ငန်းသစ် ၃၄ ခုအနက် Standard Plate Count ၃၀၀ ကျော်ရှိပြီး တတိယ အကြိမ်ကျသည့် လုပ်ငန်းမှာ ၃၇ ရာခိုင်နှုန်းရှိပြီး စတုတ္ထအကြိမ်ကျသည့် လုပ်ငန်းမှာ ၃၈ ရာခိုင်နှုန်း ရှိကြောင်း၊ ထောက်ခံချက် မရသည့် သက်တမ်းတိုး လုပ်ငန်း ၂၆ ခုအနက် Standard Plate Count ၃၀၀ ကျော်ပြီး တတိယအကြိမ် ကျသည့် လုပ်ငန်းမှာ ၄၅ ရာခိုင်နှုန်းရှိပြီး စတုတ္ထအကြိမ် ကျသည့်လုပ်ငန်းမှာ ၂၉ ရာခိုင်နှုန်း ရှိကြောင်း၊ ပြီးခဲ့သည့်လပိုင်း အတွင်းက သောက်ရေသန့် အရည်အသွေးနှင့် ပတ်သက်သည့် Standard Plate Count ကို အာဆီယံနိုင်ငံများ နည်းတူ FDA ကပြင်ဆင် လျှော့ပေါ့ သတ်မှတ်ပေးခဲ့ခြင်းကြောင့် ထုတ်လုပ်ခွင့် ထောက်ခံချက် ရရှိသွားသည့် သောက်ရေသန့် လုပ်ငန်း ၈၀ ခန့်ရှိကြောင်း သိရသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ထုတ်ပေးပြီး ပြည်တွင်း သောက်ရေသန့် လုပ်ငန်းအရေ အတွက် စုစုပေါင်း ၁၀၀၀ ကျော် ရှိကြောင်း၊ သောက်ရေသန့် လုပ်ငန်းများအား အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိရေးအတွက် GMP ကွင်းဆင်း စစ်ဆေးခြင်း၊ ရေနမူနာ ကောက်ယူ၍ ဓာတုဗေဒ/အဏုဇီဝဓါတ်ခွဲ စစ်ဆေးခြင်း၊ ကွင်းဆင်း စစ်ဆေးစဉ် ညွှန်ကြားချက်များ ပြင်ဆင်၍ တင်ပြစေခြင်း၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အဖြစ်ရေနမူနာ ကောက်ယူ၍ ဓါတ်ခွဲစစ်ဆေးခြင်း၊ လုပ်ငန်း အားနည်းချက်များ ပြုပြင်စေပြီး စတုတ္ထအကြိမ် (နောက်ဆုံး အကြိမ်) ရေနမူနာ ကောက်ယူ၍ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်ခွဲအဖြေ အမှတ်တံဆိပ်၊ ကွင်းဆင်းစဉ် ညွှန်ကြားချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံခြင်း၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီသို့ တင်ပြခြင်းနှင့် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ထုတ်ပေးခြင်း တို့ကိုဆောင်ရွက် ပေးလျက် ရှိသည်။ သောက်ရေသန့် လုပ်ငန်းမှာ အကြိမ်ကြိမ် စစ်ဆေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရာတွင် လုပ်ငန်း ကြန့်ကြာမှုများ ရှိနေသည့် အတွက် တိုင်းဒေသကြီး အလိုက်တာဝန်များ ခွဲဝေပေးသွားရန် စီစဉ်ခဲ့ရာ ယခုနှစ်မှစ၍ ကနဦး အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်များတွင် စတင်လုပ်ဆောင်ခွင့် ပြုထားကြောင်း ၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved