Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်

24/May/2017

E-Mail this article Printable Version
ပြည်သူ့ရင်ပြင် ကလေးကစားကွင်း ထိခိုက်မှုရှိနိုင်သည်ဟု ယူဆရသော ကစားနည်းများ အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေးပိုင်း အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု လုပ်ကိုင်ခွင့် ရထားသည့် သဘာဝကမ္ဘာကုမ္ပဏီ ထံမှသိရသည်။ “စည်ပင်ကလည်း ကလေးကစားနည်း တွေမှာ အန္တရာယ် အကင်းဆုံး ဆောင်ရွက်ပေးပါလို့ ညွှန်ကြား လာတယ်၊ အဓိက ကတော့ မတော်တဆဖြစ်မှု မရှိအောင်ပေါ့။ ကလေးတွေ ထိခိုက်မှု ရှိတယ်ပြောတဲ့ Tagaba ကစားနည်းကိုလည်း ခုန်ပေါက်မှုနှုန်း လျော့ထားတယ်၊ လည်ပတ်မှုနှုန်း နှေးအောင်လည်း ပြန်လုပ်ထားတယ်” ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယခုနှစ် ဧပြီလအတွင်းက ယင်းကစားကွင်းသို့ လာရောက် ကစားသော ကလေးငယ်နှစ်ဦး Tagaba အမည်ရှိ ပတ်ချာလည် ခုန်နေသော ချားရဟတ် စီးနင်းခဲ့ခြင်းကြောင့် ခါးဆစ်ရိုး ထိခိုက်ကာ ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှုများ ပြုလုပ်ခဲ့ရသည်။ ယခုအခါ ယင်းကစားနည်း အပါအ၀င် အန္တရာယ် ရှိနိုင်သည်ဟု ယူဆရသော အခြားကစားနည်းများကိုပါ လုံခြုံမှုအပိုင်း စိတ်ချနိုင်ရန် ပြန်လည် စိစစ်၍ ပြုပြင်လျက် ရှိကြောင်း ၄င်းက ရှင်းပြသည်။ “ကုမ္ပဏီဘက်က ကစားနည်းတွေမှာ အန္တရာယ် မရှိအောင် စိစစ်နေပါပြီ၊ လုပ်ပိုင်ခွင့် ချပေးကတည်းက တာဝန်ယူရမယ့် အပိုင်းတွေ ရှိပြီးသားပါ။ နည်းပညာအရ တချို့ကစားနည်းတွေကို အရှိန်လျှော့ချ ပေးတာမျိုးတွေ လုပ်နေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင် ပန်ဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။ ပြည်သူ့ရင်ပြင်ရှိ ကလေးကစားကွင်းများကို သဘာဝကမ္ဘာ အမည်ရှိ ကုမ္ပဏီသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက နှစ်ရှည် စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်ရာ လက်ရှိတွင် စည်ပင်ဘက်မှ စာချုပ်သက်တမ်းတိုး ချုပ်ဆိုမှုနှင့် ပတ်သက်၍ စာချုပ်ပုံစံ အသစ်ဖြင့် ပြောင်းလဲချုပ်ဆိုရန် ညှိနှိုင်း ဆောင်ရွက်ရန် ရှိကြောင်းလည်း ယင်းဌာနထံမှ သိရသည်။ ပြည်သူ့ရင်ပြင် အတွင်းရှိ ကလေးကစားကွင်းများကို လုပ်ကိုင်ခွင့် ရထားသော ကုမ္ပဏီအနေနှင့် ရိုလာကိုစတာ ကစားနည်း အပါအ၀င် ကစားနည်းပေါင်း ၂၀ ကျော်ဖြင့် လူငယ်နှင့် ကလေးများ ဆော့ကစားနိုင်ရန် ဖွင့်လှစ် ထားကြောင်း ၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved