Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်

24/May/2017

E-Mail this article Printable Version
ပြည်ပကုန်သွယ်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ စာရင်းအချက်အလက်များ၊ ကုန်သွယ်မှု ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စစ်ဆေးရေး အဖွဲ့များဖွဲ့စည်း၍ နောက်ကြောင်း ပြန်စစ်ဆေးမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။ ကုန်သွယ်မှု ပြုလုပ်ခဲ့သော စာရင်းဇယား အချက်အလက်များကို မှန်ကန်စွာ တင်ပြဆောင်ရွက် ခဲ့ခြင်းရှိ၊ မရှိ နောက်ကြောင်း ပြန်လည်စစ်ဆေးမည့် စနစ်ဖြစ်ပြီး မကြာမီ စတင်တော့မည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ မေလ ၂၃ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတွင် ရှင်းလင်းသည်။ စစ်ဆေးရေး အဖွဲ့များသည် စစ်ဆေးခံရမည့် ကုမ္ပဏီပရ၀ဏ်အတွင်း အထိဝင်ရောက်၍ ကုန်သွယ်မှု ဆိုင်ရာမှတ်တမ်း မှတ်ရာများ၊ ကုန်သွယ်မှုစနစ်နှင့် အချက်အလက်များ၊ အကောက်ခွန် ကြေညာလွှာများကို စစ်ဆေးမည် ဖြစ်ပြီး မမှန်ကန်မှုများ တွေ့ရှိပါက ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်အေးက ပြောသည်။ ၂၀၁၆ နိုဝင်ဘာက စတင်ခဲ့သည့် မြန်မာ့အလိုအလျောက် အကောက်ခွန် ရှင်းလင်းရေး စနစ်ဖြင့် ကုန်သွယ်ခဲ့သည့် ကုန်သွယ်ရေး ဆိုင်ရာ အချက်အလက်များကို စစ်ဆေးမည်ဖြစ်၍ ယင်းစနစ် စတင်သည့် အချိန်ကစ၍ ကုန်သွယ်ထားသည့် ကုန်သွယ်မှုတိုင်း၏ စာရင်းအချက်အလက်များကို ခုနစ်နှစ်အထိ ထိန်းသိန်းထားရမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးချိန်တွင် စာရင်းအချက်အလက်များ တင်ပြနိုင်ခြင်း မရှိလျှင် ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေအရ ဒဏ်ငွေသိန်း ၁၀၀ (သို့မဟုတ်) ထောင်ဒဏ် ၃ နှစ်အထိ အရေးယူခံရမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ ကုန်ပစ္စည်း တင်ပို့သူ၊ တင်သွင်းသူ၊ ကုန်ပစ္စည်း လက်ခံသူများ၊ တစ်ဆင့် လက်ခံရယူသူများ၊ အကောက်ခွန် ၀န်ဆောင်မှု လုပ်ငန်းဆောင်ရွက်သည့် ကိုယ်စားလှယ်များ၊ ကုန်ပစ္စည်း သိုလှောင်သည့် ကိုယ်စားလှယ်များ၊ သယ်ယူပို့ဆောင်သူများ၊ ကုန်ပစ္စည်း ရောင်းဝယ်မှုတွင် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင်သည့် သူများနှင့် ကုမ္ပဏီများကို စစ်ဆေးမည် ဖြစ်သည်။ “အချက်အလက်တွေကို ခုနနှစ်အထိ ထိန်းသိမ်းခိုင်းတယ် ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအရေအတွက်အရ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကျွန်မတို့က တစ်နှစ်ကို စစ်ဆေးမည့် ကုမ္ပဏီအရေအတွက် ဘယ်လောက်ဆိုတာ ကုမ္ပဏီအကြီး၊ အသေး စသဖြင့် နှစ်စဉ် ရေးဆွဲထားတဲ့ စီမံချက်အလိုက် စစ်ဆေးမယ်။ ဥပမာ တစ်နှစ်လေးထောင်လား၊ ငါးထောင်လား။ အဲဒီလို စစ်ဆေးရမယ့် အချိန်နဲ့ စစ်ဆေးရမယ့် ကုမ္ပဏီအရေအတွက်ကြောင့် စာရင်းအချက်အလက်တွေကို ခုနနှစ်အထိ ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်” ဟု ဒေါ်တင်တင်အေးက ပြောသည်။ အကယ်၍ သဘာဝဘေး တစ်ခုခုကြောင့် စာရွက်စာတမ်း၊ အထောက်အထားများ ပျက်စီးမှု ရှိခဲ့ပါက ပျက်စီးသည့် အချိန်တွင် အကောက်ခွန် ဦးစီးဌာနသို့ ခိုင်လုံသည့် သက်သေများဖြင့် ချက်ချင်းတင်ပြရမည် ဖြစ်သည်။ စစ်ဆေးပြီးနောက် ကုန်သွယ်မှု ပြုလုပ်ခဲ့စဉ်က အခွန်ဆောင်ရာတွင် ပေးဆောင်ရမည့် အခွန်ထက် လျော့နည်းကာ ပေးဆောင်ထားလျှင် အခွန်အပြည့် ရရှိအောင် ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved