Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်

24/May/2017

E-Mail this article Printable Version
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်း နံပါတ်များကို ခေါ်ဆို၍ နံပါတ်တူ တယ်လီနော ဆင်းမ်ကတ်ကို ဆက်သွယ် ရောင်းချနေခြင်းသည် အော်ပရေတာနှင့် သက်ဆိုင်ခြင်း မရှိကြောင်းနှင့် အဆိုပါ ဆက်သွယ် ရောင်းချမှုများကို ဥပဒေအရ တားမြစ်မည် ဖြစ်ကြောင်း တယ်လီနော၏ ပြန်ကြားရေး တာဝန်ခံ ကိုအဲလက်စ်က ပြောသည်။ လက်ရှိ အချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်း ကိုင်ဆောင်ထားသူများထံ အမည်မသိ မိုဘိုင်းဖုန်းလိုင်းများမှ တစ်ဆင့် ခေါ်ဆို၍ ကိုင်ဆောင်ထားသော နံပါတ်နှင့် ဂဏန်းခုနှစ်လုံးတူ အူရီးဒူး နံပါတ်နှင့် တယ်လီနော နံပါတ်ကို ၀ယ်ယူနိုင်မည်ဟု ဆက်သွယ် ကမ်းလှမ်းမှုများ ရှိနေသည်။ “တစ်ခါတလေ တစ်ရက်တည်းကို နှစ်ကြိမ်လောက်ဆက်ပြီး နံပါတ်တူ ဆင်းမ်ကတ် ယူမလားဆိုပြီး ဆက်ကြတယ်” ဟု ဆင်းမ်ကတ် ၀ယ်ယူရန် ကမ်းလှမ်းခံရသူ ကိုပြည့်က ပြောသည်။ ကိုင်ဆောင်ထားသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်း နံပါတ်နှင့် ဂဏန်းတူ နံပါတ်ကို ဖုန်းခေါ်ဆို၍ ရောင်းချ နေသူများသည် ရန်ကုန်မြို့တွင်း အိမ်အရောက် ၀န်ဆောင်မှုအဖြစ် ကတ်တစ်ခုလျှင် ကျပ်တစ်သောင်းခွဲဖြင့် ရောင်းချ နေကြောင်း ဆင်းမ်ကတ် ၀ယ်ယူရန် ကမ်းလှမ်းခံရသူများ ထံမှစုံစမ်း သိရသည်။ “အော်ပရေတာနဲ့ မဆိုင်ပါဘူး။ အော်ပရေတာရဲ့ ကိုယ်စားလှယ်တွေက လုပ်တာလည်း မဟုတ်ဘူး။ သူတို့ကို ဥပဒေအရ တားမြစ်သွားဖို့ ရှိပါတယ်” ဟု ကိုအဲလက်စ် ကပြောသည်။ ဆင်းမ်ကတ် ၀ယ်ယူရန် ကမ်းလှမ်းသူများသည် လုပ်ငန်းအမည်ကို မိတ်ဆက်ခြင်း မရှိဘဲ အမည်မေးမြန်းသည့် အခါ အော်ပရေတာ ကိုယ်စားလှယ် ဖြစ်ကြောင်းသာ ပြန်လည် ဖြေကြားလေ့ ရှိသည်။ အလားတူ ဖုန်းခေါ်ဆို၍ နံပါတ်တူ ဆင်းမ်ကတ် ရောင်းချမှုသည် အော်ပရေတာက လုပ်ကိုင်နေခြင်း မဟုတ်ကြောင်း အော်ပရေတာ အနေဖြင့် သုံးစွဲသူ အနှောက်အယှက် မဖြစ်စေရန် အဓိကထား ဆောင်ရွက်နေပြီး နံပါတ်တူ ဆင်းမ်ကတ်များကို ရယူလိုပါက ထုတ်လုပ်သည့် အက်ပလီကေးရှင်းတွင် လွယ်ကူစွာ ရယူနိုင်ကြောင်း အူရီးဒူးက ကြေညာသည်။ ဖုန်းခေါ်ဆို၍ နံပါတ်တူ ဆင်းမ်ကတ် ရောင်းချမှုသည် ဧပြီလ နောက်ပိုင်း၌ ပိုမိုများပြား လာကြောင်း ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved