Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ

2/Jun/2017

E-Mail this article Printable Version
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းက စာပို့ခနှုန်းထားတွေကို တိုးမြှင့်ပြောင်းလဲ ကောက်ခံပါသည်။ ပြောင်းလဲကောက်ခံတဲ့ စာပို့ခနှုန်းကို ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှစပြီး တိုးမြှင့်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ “ပြောင်းလဲ ကောက်ခံလို့လဲ ပြည်သူတွေ ပြန်ပေးရတဲ့ ဈေးနှုန်းနဲ့ တန်အောင်မြန်ဖို့၊ စိတ်ချရဖို့ လုပ်ပေးရတဲ့ အတွက် ကျွန်တော်တို့ အခုလိုပြောင်းလဲ ကောက်ခံတာ ဖြစ်ပါတယ်” လို့ နေပြည်တော် စာတိုက်လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ပြည်တွင်း ရိုးရိုးစာတစ်စောင်ပို့ခ ယခင်စာပို့ခနှုန်းမှာ ကျပ် ၁၀၀ နဲ့ ကောက်ခံစဉ်က အဲသည်စာ တစ်စောင်အတွက် လမ်းစလမ်းဆုံး ကုန်ကျစရိတ်မှာ ကျပ် ၂၀၀၀ အထိ ရှိတာကြောင့် မြန်မာ့စာတိုက် လုပ်ငန်းဟာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာစာတိုက် လုပ်ငန်းပြောရေးဆိုခွင့် ရှိသူတစ်ဦးက ရှင်းပြပါတယ်။ သူက “တစ်ရာ ကောက်တယ်ဆိုရင် ကုန်ကျစရိတ်က ၂၀၀၀ ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ၁၀၀ ပဲကောက်တယ်၊ အရှုံးပေါ်တယ်ဆို တာအဲတာတွေလဲ ပါတာပေါ့နော်” လို့ဆိုပါတယ်။ စာတိုက်လုပ်ငန်း အရှုံးပေါ်နေတာဟာ အဓိက ပြဿနာမှာ လုပ်ငန်းလည်ပတ်မှု အားနည်းနေလို့ပဲ ဖြစ်ပါတယ်။ စာတိုက်လုပ်ငန်းရဲ့ အသုံးစရိတ်အားလုံး ပြန်တွက်ကြည့်ရင် ၇၀ ရာခိုင်နှုန်းဟာ ၀န်ထမ်းတွေရဲ့ လစာဖြစ်ပြီး၊ ဒုတိယ အသုံးစရိတ်က ချောသည် အသုံးစရိတ် ဖြစ်တယ်လို့ နေပြည်တော်ရှိ စာတိုက် လုပ်ငန်းက သိရပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ စာတိုက်အရေအတွက်ပေါင်း ၁၃၈၄ တိုက်ရှိပြီး၊ ကြေးနန်း လုပ်ငန်းနဲ့ စာတိုက်လုပ်ငန်းရဲ့ ၀န်ထမ်းစုစုပေါင်း အရေအတွက်မှာ ၅၆၀၀ ကျော် ပါရှိကြောင်း ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved