Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်

2/Jun/2017

E-Mail this article Printable Version
ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၄ ခုကို ခေတ်မီဆင်ဆာ မီးပွိုင့်စနစ်များ တပ်ဆင်ပြီးနောက် မူလမီးပွိုင့်ဟောင်းများကို စည်ပင်သာယာ နယ်နိမိတ် ပြင်ပတွင် တပ်ဆင်မည် ဖြစ်ကြောင်း အမှတ် (၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန် တောင်ပိုင်းခရိုင်) ထံမှသိရသည် “လက်ရှိ မီးပွိုင့်ဟောင်းများကို ဖြုတ်ပစ်မှာပါ။ ဒီမီးပွိုင့်တွေကို မြို့ပြင်မှာ ပြန်သုံးမယ်။ လိုအပ်တဲ့ နေရာတွေမှာ တပ်မှာပါ” ဟု အမှတ် (၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်တောင်ပိုင်းခရိုင်) ရဲမှူး မျိုးအောင်မြင့်က ဆိုသည်။ ခေတ်မီ မီးပွိုင့်ဗဟို ထိန်းချုပ်မှုစနစ်ဖြင့် ယာဉ်ကြော ထိန်းသိမ်းခြင်းကို မြို့နယ်လေးခု ဖြစ်သည့် လှိုင်၊ ကမာရွက်၊ ကြည့်မြင်တိုင်နှင့် မရမ်းကုန်းမြို့နယ်များတွင် စတင်ဆောင်ရွက်လျက်ရှိပြီး မေလ ၁၅ ရက်မှစ၍ စောင့်ကြည့် အရေးယူခြင်းများကို ဆောင်ရွက်နေကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး ထံမှသိရသည်။ “ဆင်ဆာ မီးပွိုင့်တပ်ဖို့က နည်းနည်းပဲ ကျန်တော့တယ်။ အရေအတွက် အတိအကျတော့ မသိဘူး။ အရမ်းကြီးတော့ မကြာနိုင်တော့ဘူး” ဟု ရဲမှူးမျိုးအောင်မြင့်က ဆက်လက် ပြောကြားသည်။ လက်ရှိတွင် မီးပွိုင့်တစ်ခု၌ တစ်ရက်လျှင် ယာဉ်အရေအတွက် မည်မျှဖြတ်သန်း မောင်းနှင်သည်ကို စစ်တမ်းကောက်ယူနေပြီး အဆိုပါ စစ်တမ်းအရ မီးပွိုင့်တစ်ခုတွင် စက္ကန့်မည်မျှထားမည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။ ရန်ကုန်မီးပွိုင့် ဗဟိုထိန်းချုပ်ရေးစနစ် (DICTCS) ရုံးခန်းကို ပြည်သူ့ဥယျာဉ်ရှိ နက္ခတ်တာရာ ပြခန်းတွင် ထားရှိကာ စည်းကမ်းဖျက်သည့် မော်တော်ယာဉ်များကို ထိန်းချုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရကြောင်း ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြို့တွင်း မီးပွိုင့်ဟောင်းများကို စည်ပင်နယ်နိမိတ် ပြင်ပတွင်တပ်မည်
bullet
မြန်မာ့စာတိုက် လုပ်ငန်းစာပို့ခ နှုန်းတိုးမြှင့် ကောက်ခံ
bullet
ဖုန်းခေါ်ဆိုကာ နံပါတ်တူ ဆင်းမ်ကတ် ရောင်းသူများကို ဥပဒေအရ တားမြစ်မည်
bullet
ကုန်သွယ်ရေး ကုမ္ပဏီများကို နောက်ကြောင်း ပြန်စစ်ဆေးမည်
bullet
ပြည်သူ့ရင်ပြင် ကစားကွင်း အန္တရာယ်ရှိ ကစားနည်းများကို ပြင်ဆင်
bullet
သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခုနှင့် သက်တမ်းတိုး လုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန်ခွင့်ပြု
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved