Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး


2/Jun/2017

E-Mail this article Printable Version
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မာရာဝီမြို့အား သိမ်းယူထားသည့် အစ္စလာမ္မစ် အစွန်းရောက် သူပုန်တပ်ဖွဲ့အား ဖိလစ်ပိုင်လေတပ်က လေကြောင်းမှ စီးနင်းတိုက်ခိုက် ခဲ့ရာတွင် အစိုးရတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။ မာရာဝီမြို့အား သူပုန်များက သိမ်းယူမှုသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံအတွက် အဆိုးရွားဆုံး လုံခြုံရေး ပြဿနာ တစ်ရပ်လည်း ဖြစ်သည်။ ဖိလစ်ပိုင် လေတပ်မှ လေယာဉ် နှစ်စင်းသည် မာရာဝီမြို့လယ်ပိုင်းရှိ သူပုန်များ သိမ်းယူထားရာ ဒေသသို့ ဗုံးကြဲတိုက်ခိုက်စဉ် အတွင်း လေယာဉ် တစ်စင်းက ကြဲချသော ဗုံးသည် ပစ်မှတ်လွဲချော်ကာ အစိုးရတပ်ဖွဲ့ဝင်များ ရှိနေသော နေရာပေါ်သို့ ကျရောက် ခဲ့ကြောင်း၊ သူပုန်များ ခိုအောင်းနေသော အဆောက်အအုံများအား အစိုးရတပ်ဖွဲ့က စစ်ဆင်ရေး ဆင်နွှဲတိုက်ခိုက်လာမှု ကိုးရက်ကြာမြင့်ချိန်တွင် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ မာရာဝီမြို့အတွင်း ခိုအောင်းနေသည့် သူပုန်များ အနေဖြင့် မြေပြင်တပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုနှင့် ရဟတ်ယာဉ်များ၏ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား ဖီဆန်အာခံနေခြင်းအပေါ် အကြွင်းမဲ့ ဖယ်ရှားပစ်ရန် ရည်ရွယ်ချက်ဖြင့် ဖိလစ်ပိုင် လေတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်မှုကို စတင်ပြုလုပ်ခဲ့သည်။ ဖိလစ်ပိုင် လေတပ်မှ လေယာဉ်တစ်စင်းက အစိုးရတပ်ဖွဲ့ဝင်များအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်မှာ မတော်တဆ ဖြစ်ရပ်သာဖြစ်ပြီး မိမိတို့ ကြေကွဲဝမ်းနည်းမှု ဖြစ်ရကြောင်း ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဒဲလ်ဖင်လိုရန်ဇာနာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ (ရိုက်တာ)

E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး
bullet
ဝါရှင်တန်ဒီစီ ထရန့်ဟိုတယ်အနီး၌ လက်နက်တင်ကားတစ်စီး ရှာဖွေတွေ့ရှိ
bullet
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်
bullet
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်
bullet
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး
bullet
ပါကစ္စတန်တွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကြောင့် လူ ၁၁ ဦးသေဆုံး
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved