|
|
|
|
မြန်မာအမျိုးသမီး ဘောလုံးအသင်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖီဖာမှ အမျိုးသမီး ဘောလုံးကျွမ်းကျင်သူ လာရောက် အကူအညီပေးမည်
|
|
|
|
|
|
|
|
|
|
|
|
မြန်မာအမျိုးသမီး ဘောလုံးအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)မှ အမျိုးသမီး ဘောလုံးရေးရာ ကျွမ်းကျင်သူ ဂျာမနီနိုင်ငံသူ Mrs. Monika Staab သည် ရန်ကုန်မြို့သို့ မေ ၂၄ ရက်မှ ၃၁ ရက်အထိ လာရောက်ပြီး လိုအပ်သည့် ဆွေးနွေး သင်ကြား ကူညီမှု များ ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းများနည်တူ အမျိုးသမီးအသင်းများကိုလည်း နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ပြန်လည်ရရှိစေရန် ရေတိုရေရှည်စီမံချက်များ ချမှတ်အကောင်အထည်ဖော်နေသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် FIFA ထံသို့ မြန်မာအမျိုးသမီး ဘောလုံးအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးမှုများ ပေးရန် ဆက်သွယ် တင်ပြ တောင်ခံ ခြင်းကြောင့် ဂျာမနီ အမျိုးသမီး လက်ရွေးစင် ကစားသမားဟောင်းနှင့် နည်းစနစ် ညွှန်မှူးဟောင်းဖြစ်သူ FIFA Women Football Instructor Mrs. Monika Staab အားယခုကဲ့သို့ မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ဖူးသည့် Mrs. Monika Staab သည် ရန်ကုန်မြို့၌ ရောက်ရှိနေစဉ်အတွင်း မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း၊ လူငယ် လက်ရွေးစင်အသင်းနှင့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တက္ကသိုလ် လက်ရွေးစင်အသင်းများ၏ လေ့ကျင့် ပြင်ဆင်မှုများ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အခြေအနေများကို စစ်ဆေးကြပ်မတ် အကြံပြုမှုများ ပြုလုပ်သွားမည့်အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်လည်း မြန်မာ့ အမျိုးသမီး ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အချက်အလက်များကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
|
|
|
|
|
More News |
|