အားကစားသတင်း
 RSS Help
Search:  





 

ဘောလုံး အကယ်ဒမီ မေလ တတိယပတ် ဖွင့်မည်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော မန္တလေးမြို့ရှိ ဘောလုံး အကယ်ဒမီကို မေလ တတိယပတ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အဆိုပါ ဘောလုံးအကယ်ဒမီမှ ကျောင်းအုပ်ကြီး ဦးစိုးညွှန့်က ပြောကြားသည်။ ၁၅ ဧက ကျယ်ဝန်းသည့် ဘောလုံးအကယ်ဒမီတွင် သုံးထပ်ဆောင် ပါရှိပြီး ဘောလုံးအသင်း သုံးသင်းစာ နေနိုင်သည့် အဆောင်၊ လူ ၁၂၀ စားသောက် နိုင်သည့် စားဖိုဆောင်၊ မီးဖိုခန်းတို့ ပါရှိသည်။ နည်းပြများအတွက် အဆောင်သီးသန့် ပါရှိပြီး အထူးဧည့်သည်များ အတွက်လည်း သီးသန့်အခန်း ထားရှိသည်။ ထို့ပြင် စာသင်ဆောင်၊ ကာယကြံ့ခိုင်မှု လေ့ကျင့်ဆောင်၊ အစည်းအဝေးခန်းမ စသည်တို့လည်း ပါရှိသည်။ “ဒီအဆောက်အအုံကို ကနဦးက ဧရာရွှေဝါ ကုမ္ပဏီက တာဝန်ယူခဲ့ပြီး ရေမီး၊ landscaping ပိုင်းတွေကို Max ကုမ္ပဏီက တာဝန်ယူခဲ့ပါတယ်။ ဖွင့်ပွဲရက်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတ်မှတ်မယ့် ရက်ကိုပဲ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ၂၁ ရက်နေ့လို့ပဲ ခန့်မှန်းထားရတာပါပဲ” ဟု ပြောကြားသည်။ အဆိုပါ ဘောလုံး အကယ်ဒမီအတွက် ၁၁ နှစ်အောက် အယောက် ၃၀၊ ၁၃ နှစ်အောက် အယောက် ၃၀၊ ၁၅ နှစ်အောက် အယောက် ၃၀၊ ရွေးချယ် ထားပြီးဖြစ်ကာ နိုင်ငံခြား နည်းပြချုပ်တစ်ဦး၊ မြန်မာ နည်းပြသုံးဦးတို့က တာဝန်ယူ သင်ကြားပေးမည့်အပြင် မြန်မာ့ ဘောလုံး လက်ရွေးစင် အဖြစ် မွေးထုတ်ရန် ရည်စူး ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ ဘောလုံးအကယ်ဒမီသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်း တောင်ဘက်၌ တည်ရှိကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

More News   

Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved